အလုပ်တွေပိတာ၊ အိပ်ရေးပျက်တာတွေကြောင့် ပင်ပန်းသလို ခံစားရတက်ပါတယ်။ ဒီလိုပင်ပန်းတဲ့ခံစားချက်က နေ့တိုင်းလိုလိုဖြစ်နေပြီဆိုရင်တော့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး အဖြေရှာဖို့လိုအပ်နေပါပြီ။ ဒီနေ့ kwee page ကနေ့စဉ် ပင်ပန်နေသလိုခံစားရတဲ့ အကြောင်းအရင်းကို ဆွေးနွေးတင်ပြပေးသွားမှာပါ။

ကော်ဖီသောက်တာ များလွန်းခြင်း

Source: BT.com

ကဖိန်းဓာတ်က အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ နေ့ခင်းဘက်တွေမှာ အမြဲတမ်း ကော်ဖီတွေ အများကြီးသောက်မိနေခြင်းဟာ သင့်ရဲ့ နေ့စဉ်အိပ်ချိန်တွေကို လျှော့ချလိုက်သလိုဖြစ်သွားစေပါတယ်။ ကော်ဖီကို လျှော့သောက်ပေးခြင်းဖြင့် ညဘက်မှာ ကောင်းမွန်စွာအိပ်စက်အနားယူဖို့ အခွင့်အရေးရှိသွားမှာပါ။ ကဖိန်းဓာတ်ပါတဲ့အစားအစာတွေနဲ့ ကော်ဖီကို ညနေ (၃) နာရီကျော်တာနဲ့ မစားမသောက်တာ အကောင်းဆုံးပါ။

ရေဓာတ်ခမ်းခြောက်နေခြင်း

Source: The-Statesman

ရေဓာတ်ခမ်းခြောက်တယ်ဆိုတာ ပင်ပန်းနွမ်းနယ်မှုရဲ့ အဓိကအကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း အထူးသဖြင့် ရေဆာခြင်းတွေကို ဖြစ်စေပါတယ်။ ရေဓာတ်ဖြည့်တင်းဖို့အတွက် ရေဓာတ်ပြည့်ဝတဲ့ အသီးတွေစားပေးလို့ရပါတယ်။ ရေဆာမှ ရေသောက်မျိုးမလုပ်ပါနဲ့။ အမြဲတမ်း ကိုယ့်ဘေးနားမှာ ရေပြည့်နေတဲ့ ရေခွတ်တခွတ်ထားထားပေးပါ။

ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်း

Source; Healthline

တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရတာက သင့်ကိုပိုပြီးပင်ပန်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး အနားယူလိုက်ခြင်းက ပင်ပန်းမှုကို ပြေပျောက်စေပြီး တစ်နေ့လုံးအလုပ်လုပ်ဖို့ အားအင်တွေ ပိုရှိလာစေပါတယ်။

စိတ်ဖိစီးမှုများနေခြင်း

Source: WebMD Blogs

စိတ်ဖိစီးမှုများနေခြင်းကလည်း ပင်ပန်းမှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ စိတ်ဖိစီးမှုတွေ မကြာခဏဆိုသလို ဖြစ်နေပြီဆိုရင် စိတ်ဖိစီးမှုကို ပြေပျောက်စေမဲ့ နည်းလမ်းလေးတွေ ရှာဖွေပြီး အသုံးချကြည့်ပါ။ အကယ်၍ စိတ်ဖိစီးမှုကို မိမိကိုယ်ကို မဖြေရှင်းနိုင်တော့ဘူးဆိုရင် ဆေးဝါးအကူအညီရယူတာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး စိတ်ကုထုံးဖြင့် ကုသတာတွေ ပြုလုပ်ပေးဖို့ အကြံပေးချင်ပါတယ်။