ကော့တေးချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ တစ်ခါသောက်ပြီးတာနဲ့ တခြားကော့တေးတွေကို စာရင်းထဲတောင် မထည့်ချင်လောက်အောင် ကောင်းတဲ့ Amaretto Sour Cocktail တစ်ခွက် ဖျော်စပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်း (၅) မျိုးခန့် ရှိရုံနဲ့တင် လျှာကျွမ်းပြန်သွားစေမယ့် Sour Cocktail တစ်ခွက် ဖျော်စပ်နိုင်ပြီမို့ အခုပဲ လက်တည့်စမ်းကာ ဖျော်စပ်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

Amaretto Sour Cocktail

  • Amaretto Liqueur စားပွဲတင်ဇွန်း ၄ ဇွန်း
  • လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • Simple Syrup လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ဒီပါဝင်ပစ္စည်းကိုတော့ မကြိုက်ရင် မထည့်လို့ရပါတယ်)
  • အလှဆင်ဖို့ရန်အတွက် ချယ်ရီသီး အနည်းငယ်
  • အလှဆင်ဖို့ရန်အတွက် လိမ္မော်သီးစိပ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ။

Amaretto Sour Cocktail

၂။ Cocktail Shaker ပုလင်းထဲတွင် Amaretto Liqueur စားပွဲတင်ဇွန်း ၄ ဇွန်း၊ လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် Simple Syrup လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ထည့်ပါ။ ထို့နောက် ရေခဲတုံး အနည်းငယ် ထည့်ပြီးနောက် Cocktail Shaker ပုလင်းအဖုံးကို ပိတ်ကာ ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

၁၀ စက္ကန့်ခန့် သမအောင် လှုပ်ခါပေးရမှာပဲဖြစ်ပါတယ်။

Amaretto Sour Cocktail

၃။ ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက် အရှည်တစ်ခွက်ထဲသို့ ပြောင်းထည့်လိုက်ပါ။

၄။ ထို့နောက် ဘီယာ ဖန်ခွက်ငယ်ထဲသို့ ရေခဲတုံးများ မပါစေဘဲ ကော့တေးဖျော်ရည် သီးသန့် စစ်ယူကာ ပြောင်းထည့်ပေးလိုက်ပါ။ ပြီးသွားမှာ ရေခဲတုံး အတုံး ခပ်ကြီးကြီးတစ်တုံးကို ဖန်ခွက်ငယ်ထဲ ထည့်လိုက်ပါ။

ကော့တေး

၅။ ချယ်ရီသီးများကို တုတ်ချောင်းလေးဖြင့် ထိုးထည့်လိုက်ပါ။ ပြီးသွားရင်တော့ ဖန်ခွက်ပေါ်တင်ကာ အလှဆင်လိုက်ပါ။ လိမ္မော်သီးစိပ်ကိုလည်း ဖျော်ရည်အပေါ်မှာ တင်ထားပေးလိုက်ပါ။

ကော့တေး

ဒါဆိုရင်တော့ ကွီးတို့အတွက် ဆွေမျိုးမေ့သွားလောက်အောင် ကောင်းတဲ့ Amaretto Sour Cocktail တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Thespruceeats