ငှက်ပျောသီးဆိုတာ ကျန်းမာရေးနဲ့အညီအညွတ်ဆုံး အသီးအနှံတွေထဲက တခုဖြစ်ပြီးတော့ ပရိုတင်း၊ ဖိုင်ဘာ၊ ဗီတာမင် A၊ B6၊ C၊ ပိုတက်စီယမ်၊ မန်ဂနိစ်၊ မက်ဂနီဆီယမ်၊ သံဓါတ် စတဲ့အဟာရဓါတ်များ စွာပါဝင်ပါတယ်။ ငှက်ပျောသီးတွေဟာ ဈေးနှုန်းသက်သာ နေရာတိုင်းမှာ အလွယ်တကူ ဝယ်စားလို့ရတဲ့ အသီးတစ်မျိုးပါ။
Source : Inside Edition
ဒီအတိုင်းစားရင် အရသာရှိသလို အုပ် (Cereal)၊ အသီးဆလပ်( Fruit Salad)၊ ရေခဲမုန့်တို့နဲ့တွဲစားရင်လည်း အရသာပိုမိုကောင်းမွန်စေပါတယ်။
ဒါပေမယ့် ဒီဆောင်းပါးလေးမှာတော့ ငှက်ပျောသီးရဲ့ကောင်းကျိုးတွေထက် ငှက်ပျောသီးအခွံအသုံးဝင်ပုံတွေကိုပြောပြမှာဖြစ်ပါတယ်။ ပုံမှန်ဆို အထဲကငှက်ပျောသီးကိုစားပြီး အခွံကို အမှိုက်ပုံးထဲပစ်တတ်ကြပါတယ်။
Source : indexex press
တကယ်တော့ ငှက်ပျောသီးအခွံဟာ အမှန်တကယ်စားသုံးနိုင်တဲ့အရာဖြစ်ပြီး ထပ်တိုးကျန်းမာရေးအကျိုးကျေးဇူး တွေပေးသေးပါတယ်တဲ့။ ခန္ဓာကိုယ်တွင်း အစာခြေစနစ်ပိုကောင်းအောင်၊ ကိုလက်စထရော လျော့ကျအောင်နဲ့ အရေပြားပြဿနာတွေကို ကုသတဲ့နေရာမှာ ငှက်ပျောသီး အခွံကိုအသုံးပြုနိုင်ပါတယ်။ သင့်အနေနဲ့ ငှက်ပျောသီးကို အသီးရောအခွံပါ စားနိုင်ပြီး အသားအရေကျန်းမာရေးအတွက် အရေပြားပေါ်မှာလည်း လိမ်းလို့ရပါသေးတယ်။
Source : MyFitnessPal Blog
ဒါဆို ငှက်ပျောသီးအခွံရဲ့ အသုံးဝင်ပုံကိုသိသွားပြီဆိုတော့ ဒီတန်ဖိုးရှိတဲ့ထုပ်ပိုးပစ္စည်းကို အမှိုက်ပုံးထဲ အလွယ်တကူမပစ်တော့ဘူးထင်ပါတယ်။