ရှေးတုန်းက သံလွင်ဆီကို ရွှေရောင်အရည်လို့ ခေါ်ဆိုခဲ့ကြတာကို သင် သိပါသလား။ ဟင်းချက်ဖို့တစ်ခုတည်းတင်မဟုတ်ဘဲ အသားအရေနဲ့ ဆံကေသာအလှအပအတွက်ပါ အသုံးတည့်တဲ့အတွက်ကြောင့် သဘာဝဆေးဖက်ဝင်အဆီလို့လည်း တင်စားခေါ်ဝေါ်ကြပါသေးတယ်။

သံလွင်ဆီသည် အသားအရေကို အစိုဓာတ်ထိန်းပေးတဲ့အပြင် အသားအရေရောင်ရမ်းခြင်း၊ ဝက်ခြံနဲ့ အမဲစက်များကို ဖယ်ရှားပေးတဲ့အပြင် အရေပြားကင်ဆာမဖြစ်ပွားအောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

သင့်အနေနဲ့ ခြောက်သွေ့တဲ့သင့်အသားအရေကို ကြည့်ပြီး စိတ်ညစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးပြုနိုင်ပါတယ်။

အသားအရေ အစိုဓာတ်ရရှိဖို့အတွက်

Amazing Benefits of Olive Oil for Men

သဘာဝသံလွင်ဆီစစ်စစ် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေချိုးပြီးတဲ့အချိန်မှာ အသားအရေပေါ် လိမ်းကံျပေးထားလိုက်ပါ။ မျက်နှာပေါ်လည်း လိမ်းကျံနိုင်ပါတယ်။ ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက်မှာတော့ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးချလိုက်လို့ရပါပြီ။

အသားအရေကို နူးညံ့ချောမွတ်စေဖို့အတွက်

Amazing Benefits of Olive Oil for Men

ဒိန်ချဉ် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

ဒီနည်းလမ်းကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် အသုံးပြုပေးမယ်ဆိုရင်တော့ တစ်လကြာတဲ့အခါ သင့်အသားအရေက နူးညံ့ချောမွတ်လာတာကို တွေ့မြင်ရပါလိမ့်မယ်။

ပျက်စီးကြမ်းတမ်းနေတဲ့ ဆံကေသာပိုင်ရှင်များအတွက်

Amazing Benefits of Olive Oil for Men

သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း (မိမိဆံကေသာ အတိုအရှည်၊ အထူအပါးပေါ် မူတည်ပြီး လိုတိုးပိုလျော့ ပြုလုပ်နိုင်ပါတယ်)၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ကြက်ဥအနှစ် ၁ လုံးတို့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံကေသာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာတဲ့နောက်မှာတော့ လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးနိုင်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးနဲ့ပဲ လျှော်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Conditioner ထပ်မံအသုံးပြုနိုင်ပါတယ်။

ဆီးချိုရောဂါကိုတောင် သက်သာစေနိုင်တယ်

Amazing Benefits of Olive Oil for Men

သံလွင်ဆီသည် အလှအပရေးရာအတွက်တင်မကပါဘူး။ ကျန်းမာရေးအတွက်လည်း အသုံးတည့်ပါတယ်။ သံလွင်ဆီဖြင့် ကြော်ချက်ထားတဲ့ဟင်းလျာများ စားသုံးခြင်းသည် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပြီး ဆီးချိုရောဂါကို သက်သာစေနိုင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

Source: Stylecraze.com