သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များအရ ဝိုင်သောက်သုံးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်တယ်လို့ သိရှိရပါတယ်။ နှလုံးအားကောင်းခြင်း၊ အသက်အရှည်ကျန်းမာခြင်းများက တစ်နေ့ကို ဝိုင်တစ်ခွက်စီ မှန်မှန် သောက်သုံးလို့ပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ဝိုင်သောက်သုံးရတာ နှစ်သက်တယ်ဆိုရင်တော့ အခုဆက်လက်ဖော်ပြပေးမယ့် ကျန်းမာရေးအကျိုးကျေးဇူးများကိုပါ ရရှိပိုင်ဆိုင်နိုင်မှာပါ။

သွေးပေါင်ချိန် ထိန်းညှိပေးခြင်း

wine pouring into glasses

ဝိုင်ထဲမှာ သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ Antioxidant များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဝိုင် ဖော်စပ်တဲ့အခါ အသုံးပြုတဲ့ စပျစ်သီးက LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စတောများကို လျော့ချပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် နှလုံးရောဂါဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

အမျိုးသမီးများကတော့ တစ်နေ့ကို ဝိုင်တစ်ခွက်စီ သောက်သုံးသင့်ပြီး အမျိုးသားများကတော့ တစ်နေ့ကို ဝိုင် နှစ်ခွက်စီ သောက်သုံးသင့်ပါတယ်။ ထိုသတ်မှတ်ပမာဏထက် ပိုမိုသောက်သုံးမိပါက အသည်းပျက်စီးခြင်း၊ အဝလွန်ခြင်း၊ ကင်ဆာရောဂါ၊ နှလုံးရောဂါ စသည့်ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ချေများပါတယ်။

မှတ်ဉာဏ်စွမ်းရည် ကောင်းမွန်စေခြင်း

doctor touching brain

Photo: Calgaryagemanagement.com

ဝိုင်သောက်သုံးပေးခြင်းက ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်ပေးပါတယ်။ အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ခဏခဏ မေ့တတ်ခြင်း၊ ဝေခွဲမရဖြစ်ခြင်း စသည့် ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်းကို ဝိုင် သောက်သုံးခြင်းဖြင့် ကုစားနိုင်ပါတယ်။

နှလုံးကျန်းမာစေခြင်း

hearts holding wine glasses

Photo: Pinterest.com

၂၀၁၉ ခုနှစ်မှာ ပြုလုပ်ထားတဲ့ လေ့လာချက်အရ ဝိုင်နီသောက်သုံးခြင်းက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး နှလုံးကို ကျန်းမာစေကာ နှလုံးရောဂါ မခံစားရအောင် ကာကွယ်ပေးပါတယ်။

အသက်ရှည်စေခြင်း

man pouring wine into glasses

ဒီကောင်းကျိုးကတော့ အံ့အားသင့်စရာအကောင်းဆုံးအချက်ပဲဖြစ်ပါတယ်။ မြေထဲပင်လယ်ဒေသမှာ နေထိုင်သူများက ဝိုင်ကို နေ့စဉ်မှန်မှန်သောက်သုံးခြင်းကြောင့် အသက်ရာကျော် နေထိုင်နိုင်ကြတယ်လို့ ယုံကြည်ကြပါတယ်။

ဝိုင်လည်း နေ့စဉ်သောက်သုံးတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများပါ တွဲဖက်စားသုံးမယ်ဆိုရင် နေထိုင်မကောင်းဖြစ်ခြင်းမှ ကင်းဝေးပြီး ရောဂါဝေဒနာများကင်းရှင်းကာ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ပါလိမ့်မယ်။

Source: Eatthis.com