လူတွေနေ့စဉ်စားသုံးနေကြတဲ့ ကြက်ဥတွေဆီကနေ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာ သင်သိပါသလား။ကြက်ဥမှာ ပရိုတင်းနဲ့ အခြားဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ကြက်ဥမှာ ပါတဲ့ပရိုးတင်းဟာဆိုရင် ကြွက်သားတွေကို သန်မာစေပါတယ်။ ကြက်ဥအနှစ်မှာ လူတိန်းနဲ့ဇီယာဇန်သင်းလို့ခေါ်တဲ့ ဒြပ်ပေါင်း ၂ မျိုးပါဝင်နေပါတယ်။

Source : Freepik
ဒီဒြပ်ပေါင်း တွေဟာဆိုရင် အမြင်အာရုံပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ပြီးတော့ အသက်ကြီးလာလို့ မျက်စိကွယ်ခြင်းနဲ့ မျက်စိရောဂါနဲ့ ဆက်စပ်တဲ့ အန္တာရယ်တွေကို လျှော့ကျစေပါတယ်။
ကြက်ဥအညိုများမှာ ကြက်ဥအဖြူများထက် ပိုပြီးတော့ အာဟာရရှိတယ်ဆိုတဲ့ စကားကမမှန်ပါဘူး။ ကြက်ဥပုံမှန်စားပေးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သွေးခဲများဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။
ကြက်ဥမှာ Choline လိုခေါ်တဲ့ အမိုးနီးယား ဒြပ်ပေါင်းတစ်မျိုးပါဝင်တာကြောင့် ဦးနှောက်၊ အာရုံကြော နဲ့ နှလုံးသွေးကြောစနစ် တို့ကို ကောင်းမွန်စေပါတယ်။

Source : Freepik
ကြက်ဥတွင် ဆာလဖာနှင့် ဗီတာမင်များ၊ သတ္တုများ များစွာပါဝင်သောကြောင့် ဆံကေသာနှင့် အသားအရေ ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။
