ကျွန်တော်တို့တတွေရဲ့ နေ့စဉ်စားနေကျ ဟင်းလျာအများစုမှာ ကြက်သွန်ဖြူက အသုံးများတဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်။ အနံ့နည်းနည်းပြင်းပေမယ့် ကျန်းမာရေးအမြင်အရ ကြည့်မယ်ဆိုရင် ကြက်သွန်ဖြူစားတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကြက်သွန်ဖြူရဲ့ ကျန်းမာရေးအကျိုးတွေကို သိနားလည်ကြသူတွေဟာ ရှေးရှေးကတည်းက အိမ်သုံးဆေးတစ်မယ်အဖြစ်လည်း သုံးခဲ့ကြတာ ဖြစ်လို့ ကြက်သွန်ဖြူက ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်ပါ။
(၁) သွေးစီးဆင်းမှု ပိုကောင်းစေတယ်

Photo: Freepik
ကြက်သွန်ဖြူဟာ ကိုယ်တွင်းသွေးစီးဆင်းမှုကို သိသိသာသာ တိုးမြှင့်ပေးနိုင်စွမ်း ရှိတယ်လို့ ၂၀၀၄ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုက ဆိုပါတယ်။ ကြက်သွန်ဖြူဟာ ကိုယ်တွင်းရောင်ရမ်းမှုကို ဖြစ်စေတဲ့ Interleukin 6 Level ကို သက်ရောက်မှုရှိစေလို့ ဖြစ်ပါတယ်။
(၂) ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်

Photo: Freepik
ကြက်သွန်ဖြူစားတာဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိတယ်လို့လည်း ဆိုပါတယ်။ ကြက်သွန်ဖြူပုံမှန်စားတဲ့သူတွေဟာ သာမန်လူတွေထက် အအေးမိဝေဒနာဖြစ်ပွားမှု ၆၃% ပိုနည်းတယ်လို့လည်း လေ့လာမှုတေါက ဆိုပါတယ်။
(၃) ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်တယ်

Photo: Freepik
ဝိတ်ကျချင်ရင် ကြက်သွန်ဖြူစားပေးနိုင်ပါတယ်။ အကြောင်းက ကြက်သွန်ဖြူမှာ အဆီချဖို့အတွက် မရှိမဖြစ် အရေးပါတဲ့ ဗိုက်တာမင် စီ ၊ B6 ၊ မဂ္ဂနိစ် နဲ့ ကယ်လ်ဆီယမ်တို့ ပါဝင်ပါတယ်။ နောက်တစ်ချက်က ကြက်သွန်ဖြူဟာ အင်ဆူလင်ခုခံမှုကိုလည်း လျှော့ချပေးနိုင်စွမ်းရှိလို့ ကိုယ်အလေးချိန် လျှော့ချရာမှာ ဆေးတစ်လက်အဖြစ် သုံးနိုင်ပါတယ်။
(၄) ကိုယ်တွင်းသန့်ရှင်းပေးနိုင်တယ်

Photo: Freepik
ကြက်သွန်ဖြူမှာ ပါတဲ့ Sulfhydryl ဒြပ်ပေါင်းတွေဟာ ကိုယ်ခန္ဓာအတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အထူးပဲ ထိရောက်မှုရှိပါတယ်။ ကြက်သွန်ဖြူရဲ့ ဂုဏ်သတ္တိတွေက ကိုဘ်တွင်းက အင်ဇိုင်းတွေ သန့်ရှင်းရေးလုပ်ပေးဖို့အတွက် လက်နက်ကောင်းတွေပါပဲ။ တချို့သူတွေဆို မနက်ဖက်မှာ ကိုယ်တွင်းသန့်ရှင်းစေဖို့ ကြက်သွန်ဖြူနဲ့ သံပုရာရေခပ်နွေးနွေးရော သောက်လေ့ ရှိကြပါတယ်။
(၅) မှိုသတ်နိုင်စွမ်း ရှိတယ်

Photo: Freepik
ကြက်သွန်ဖြူဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ နိုင်တဲ့သဘာဝပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ မှိုရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည်ကျန်းမာရေးအကာအကွယ်ပေးတဲ့အနေနဲ့ ကြက်သွန်ဖြူကို နေ့စဉ်ဟင်းလျာတွေထဲမှာ ထည့်သွင်းစားပေးဖို့ အကြံပြုလိုက်ရပါတယ်။
