အိမ်ရှင်မတွေလက်စွဲဖြစ်တဲ့ ဂျင်းဟာ ဟင်းချက်ရာမှာပဲ အသုံးဝင်တာမဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေများစွာဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိတွေလည်းရှိပါတယ်။ဒီနေ့မှာတော့ မီးဖိုချောင်သုံးပစ္စည်းတစ်ခုဖြစ်တဲ့ ဂျင်းရဲ့အံ့မခန်းအစွမ်းတွေကို ကွီးစာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

(၁) တုပ်ကွေးရောဂါကာကွယ်ပေးတယ်

Source : Desi Mojo

အခုလိုရာသီအကူးအပြောင်းကာလမှာ တော်တော်များများ တုပ်ကွေးရောဂါဝေဒနာတွေခံစားနေကြရပါတယ်။တုပ်ကွေးဖြစ်ပြီဆိုရင် ဘားမှမလုပ်နိုင်မကိုင်နိုင်နဲ့ တော်တော်လေးကိုခံစားရခက်စေတာဖြစ်ပါတယ်။ဒါပေမယ့် သင်ဟာဂျင်းကိုပြုတ်ပြီး ရလာတဲ့ဂျင်းပြုတ်ရေကို သောက်သုံးပေးမယ်ဆိုရင်တော့ တုပ်ကွေးလိုရောဂါဝေဒနာတွေကို ကောင်းစွာကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

(၂) အပူအပုတ်ကင်းစင်စေတယ်

Source : Times Now

ခန္ဓာကိုယ်မှာ အပူအပုတ်တွေများလာတဲ့အခါ ဖျားနာခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်း စတဲ့လက္ခာမျိုးတွေခံစားလာရနိုင်ပါတယ်။ဂျင်းကိုရေနွေးနဲ့ စိမ်ပြီး သောက်သုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ကအပူအပုတ်တွေကို ကင်းစင်စေပြီး အခိုးပွင့်စေကာ နေရထိုင်ရသက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ဒါ့အပြင်ခန္ဓာကိုယ်အတွင်းမှာအောင်းနေတဲ့ ချွေးပုတ်တွေကိုထွက်စေတာကြောင့် အသားအရည်ြ့ကည်လင်လှပစေမှာဖြစ်ပါတယ်။

(၃) သွေးလည်ပတ်မှုကောင်းစေတယ်

Source : Medical News Today

ဂျင်းကိုထန်းလျက်နဲ့ ပြုတ်ပြီးသောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုအားကောင်းလာစေမှာဖြစ်ပါတယ်။ အရသာအားဖြင့်လည်း ချိုချိုရှရှလေးမလို့ သောက်ရတာအဆင်ပြေပါတယ်။ အဓိကအားဖြင့် ဂျင်းနဲ့ ထန်းလျက်ပြုတ်ရည်ကို အမျိုးသမီးတော်တော်များများသောက်သုံးလေ့ရှိပါတယ်။ဂျင်းပြုတ်ရည်ဟာ သွေးအားကောင်းစေတဲ့အပြင် အမျိုးသမီးတွေဓမ္မတာလာခြင်းကိုလည်း မှန်ကန်စေပါတယ်။

(၄) ကိုယ်ခံအားကောင်းမွန်စေတယ်

Source : www.almasayel.com

ကိုယ်ခံအားပြီး မကြာခဏနေထိုင်မကောင်းဖြစ်တတ်တယ်ဆိုရင်တော့ ဂျင်းပြုတ်ရည်လေးသာ သောက်လိုက်ပါ။ဂျင်းပြုတ်ရည်က ခန္ဓာကိုယ်မှာကိုယ်ခံအား ပြည့်ဝနေစေပြီး တော်ရုံဖျားတာနားတာမျိုးတွေမဖြစ်တော့ပဲ ကျန်းမာနေစေပါတယ်။ဒါ့အပြင် ခံတွင်းကိုလည်းရှင်းစေပြီး အစားစားချင်စိတ်ကိုလည်း ပိုဖြစ်စေနိုင်ပါတယ်။အခုလိုမကြာခဏဖျားတဲ့ရာသီအတွက်တော့ ကိုယ်ခံအားကောင်းနေဖို့က အဓိကလိုအပ်ပါတယ်နော်။