အများနဲ့ မတူ ထူးတဲ့သူတွေဟာ ထင်ရှားအောင်မြင်ကြတာ ဓမ္မတာပါပဲ။ ဒီလိုလူတွေဆီက သင်ယူရမယ့် သင်ခန်းစာတွေကလည်း အများကြီးပါပဲ။ ဒီထဲမှာ အောင်မြင်ထင်ရှားသူတွေ ၊ ထိပ်ထိပ်ကြဲချမ်းသာကြွယ်ဝသူတွေ စတဲ့ အမြင့်ကို ရောက်နေတဲ့ တမူထူးခြား ထင်ရှားတဲ့သူတွေဆီမှာ တွေ့မြင်ရတတ်တဲ့ အချက်တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အခွင့်အရေးကို ရှာဖွေတတ်ခြင်း

Find your way

Photo: Freepik

အခွင့်အရေးကို မရှာတတ်ရင် ဘယ်တော့မှ အခွင့်အလမ်းပေါ်လာမှာ မဟုတ်ပါဘူး။ လေယာဉ်ပျံသမိုင်းမှာ အားလုံးက ဦးညွှတ်ရတဲ့ ရိုက်ညီနောင်ဟာ လူတွေ လေထဲ ပျံလို့ ရမလားဆိုတဲ့ သိချင်စိတ်ကနေ အစပြုခဲ့ပါတယ်။ ဒီကနေမှ အခုခေတ် မရှိမဖြစ် ခရီးသွားလာရေးပုံစံတစ်ခုဖြစ်လာတဲ့ လေယာဉ်ခရီးစဉ်တွေဆီကို ပေါ်ပေါက်စေခဲ့တာပါ။ Dell Inc ကွန်ပျူတာကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ မိုက်ကယ်ဒဲလ်ကတော့ “သူများနဲ့ မတူတဲ့အရာတစ်ခု လုပ်ဖို့အတွက် အမြဲတမ်း အခွင့်အရေးတစ်ခုတော့ ရှိနေတယ်”လို့ ပြောခဲ့ဖူးပါတယ်။

(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှု

Be Confident yourself

Photo: Freepik

ကမ္ဘာကျော် အစီအစဉ်တင်ဆက်သူနဲ့ မီဒီယာသူဌေးမကြီး အော်ဖရာဝင်းဖရင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ “ကျွန်မဟာ ကြီးကျယ်မြင့်မြတ်မှုရလာဖို့ ဖြစ်လာတယ်ဆိုတာ သိပြီးသား” လို့တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ပြီး ပြောဆိုခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေရင် အောင်မြင်ဖို့ မဝေးတော့ပါဘူး။

(၃) အောင်မြင်မှု ရပ်ဝန်းတစ်ခု ဖန်တီးခြင်း

Create your success atmosphere

 

Photo: Freeepik
အောင်မြင်ချင်ရင် ကိုယ့်ထက် တော်တဲ့သူတွေနဲ့ တွဲပါတဲ့။ အဲ့ဒီလူတွေဆီက ကိုယ့်ထက်သာလွန်တဲ့ အပြုအမူအလေ့အထကို ယူပါ ။ ဒါဆိုရင် အဲ့ဒီလမ်းကြောင်းအတိုင်း ကိုယ့်ကို ဆွဲခေါ်သွားပါလိမ့်မယ်တဲ့။ ကမ္ဘာကျော် ရင်းနှီးမြှပ်နှံမှု ဂုရုကြီးတစ်ဦးဖြစ်တဲ့ ဘီလျံနာဝါရင်ဘတ်ဖတ်က ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ အရည်အချင်းတွေထက် အပြတ်သာတဲ့သူနဲ့ ပူးပေါင်းခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အထက်ရောက်အောင် ပံ့ပိုးပေးနိုင်စွမ်းရှိပါတယ်။ သင့်မိတ်ဆွေတွေဟာ သင့်အနာဂါတ်ကို ဟောကိန်းထုတ်သူတွေ ဖြစ်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ။

(၄) အာရုံအပြည့် စိုက်ခြင်း

Focus on what you want

Phtoo: Freepik

ဟိုဟာစပ်စပ် ဒီဟာစပ်စပ် အစုံသုပ် သိပြီး ဘာကိုမှ မကျွမ်းကျင်တဲ့သူ အဖြစ်မခံပါနဲ့။ တစ်ဖက်ဖက်မှာ ချွန်တဲ့သူ ဖြစ်အောင် ကြိုးစားပါ။ တစ်ခုတည်းကို အာရုံနှစ်ပြီး ကျွမ်းကျင်တဲ့သူ ဖြစ်အောင် လုပ်ရင် ဘဝမှာ အောင်မြင်မှု ရပါလိမ့်မယ်။ အိမ်ခြံမြေသူဌေးကြီးလည်းဖြစ်သလို အမေရိသမ္မတပါ ဖြစ်သွားခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ စကားတစ်ခွန်းကလည်း မှတ်သားစရာပါ။

“အဆုံးမှာ သင်ဘာလုပ်ပေးပါမယ်လို့ ကတိပြုခဲ့တာနဲ့ သင့်ကို တိုင်းတာလိုက်တာ မဟုတ်ပါဘူး။ သင်ဘယ်လောက် အောင်မြင်ပြီးမြောက်ခဲ့သလဲဆိုတာကိုပဲ ကြည့်ကြတာ”ဆိုတာပါပဲ။ ဒီတော့ ဘဝမှာ ကိုယ်ဘာဖြစ်ချင်သလဲ ဆုံးဖြတ် ၊ အဲ့ဒီရည်မှန်းချက်ဖြစ်မြောက်အောင် အချိန်ပေး ၊ အလုပ်ကြိုးစား ၊ အားမွေးပြီး ဆက်သွားနေ ၊ တစ်ခုတည်းကို အာရုံအပြည့်ထားပြီး ဆက်လုပ်နေမယ်ဆိုရင် အထက်တန်းရောက် အောင်မြင်မယ်လို့ ပြောချင်ပါတယ်။