Peanut Butter လို့လူသိများတဲ့ မြေပဲထောပတ်မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့်အဆီဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ် Antioxidant ဓာတ် ဗီတာမင်ဓာတ်များလည်း ပါရှိပါတယ်။ ဒီနေ့မှာတော့ လူကြိုက်များပြီး အရသာရှိလှတဲ့ မြေပဲထောပတ်ကို စားသုံးခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်အလေးချိန်ကျစေတယ်

Source : Aidsmap

အများစုက မြေပဲထောပတ်မှာ ကယ်လိုရီနဲ့ အဆီဓာတ်ပါဝင်မှုများတယ်လို့ထင်ကြပါတယ်။ တကယ်တမ်းတော့ မြေပဲထောပတ်ကနေ ပရိုတင်း၊ အမျှင်ဓာတ်နှင့် အာဟာရဓာတ်များစွာရရှိနိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုအထောက်အပံ့မဖြစ်စေဘဲ ခန္ဓာကိုယ်အတွက်ကျန်းမာသောဒြပ်စင်များထောက်ပံ့ပေးပါတယ်။ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ် တစ်ကြိမ်လျှင် မြေပဲထောပတ်နှစ်ဇွန်းခန့်စားပေးရုံနဲ့ ကိုယ်အလေးချိန်သိသိသာသာကျဆင်းစေမှာဖြစ်ပါတယ်။

(၂) နှလုံးကျန်းမာရေးကောင်းစေတယ်

Source : Pinterest

မြေပဲထောပတ်မှာ P-coumaric အက်စစ်လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး ၎င်းကလုံးသွေးကြောဆိုင်ရာရောဂါများနှင့်ဆက်စပ်နတဲ့ ဆဲလ်များပျက်စီးမှုကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် မြေပဲထောပတ်မှာပါဝင်တဲ့အဆီဓာတ်က နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးသွေးကြောဆိုင်ရာနှင့် နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့နည်းစေပါတယ်။

(၃) ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ကျစေတယ်

Soucre : Shape Magazine

အိန္ဒိယနိုင်ငံသုတေသနပညာရှင်တွေရဲက လေ့လာတွေရှိချက်မှုအရ ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေကိုစားသုံးပေးခြင်းဟာ အစာအိမ် အူမကြီး ရင်သားကင်ဆာ အဆုတ် အသည်းနှင့် အခြားကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကိုလျော့နည်းစေတယ်လို့ဆိုပါတယ်။ မြေပဲထောပတ်မှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် စားသုံးပေးမယ်ဆိုရင် ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ကျစေမှာဖြစ်ပါတယ်။

(၄) ကောင်းစွာအိပ်ပျော်စေတယ်

Source : Healthline

မြေပဲထောပတ်မှာပါဝင်တဲ့ အမိုင်နိုအက်စစ်ဓာတ်က အိပ်စက်ခြင်းဆိုင်ရာဟော်မုန်းများကို တွန်းအားဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ုလုပ်ငန်းစဉ်များကိုနှေးကွေးစေကာ သင့်ရဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်ဖို့ကူညီပေးတာကြောင့် ညဘက်တွေမှာကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။ ဒါပေမယ့်သတိပြုရမှာတစ်ခုက အများကြီးစားသုံးဖို့ မသင့်တော်ပါဘူး။ မအိပ်ခင် ၁ဇွန်းလောက်စားသုံးပေးရုံနဲ့ လုံလောက်ပါတယ်။

တခြားသောအကျိုးကျေးဇူးတွေအနေနဲ့ ဆီးချိုရောဂါဖြစ်ပွားနိုင်ချေလျော့ချပေးခြင်း အရိုးအဆစ်များသန်မာစေခြင်း သွေးပေါင်ချိန်မှန်ကန်အောင်ထိန်းညှိပေးခြင်း ကြွက်သားတည်ဆောက်ရာမှာအထောက်အပံ့ဖြစ်စေခြင်း စိတ်ဖိစီးမှုလျော့ကျခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ကောင်းမွန်ခြင်း စတဲ့ကောင်းကျိုးတွေရရှိနိုင်ပါတယ်။