ဖက်ရှင် Brands တွေထဲမှာ အမေရိကန်ထုတ်ကုန်တွေဟာ အရည်အသွေးမြင့်မားပြီး ဝတ်ရတာ အဆင့်အတန်းရှိတယ်လို့ ခံစားရစေပါတယ်။ American Brand ဖက်ရှင်တွေက အတော်အသင့် ဈေးမြောက်ပေမယ့် ရေရှည်မှာ ဝယ်ထားလို့ မမှားတာဖြစ်လို့ အမျိုးသားတို့ သိထားသင့်တဲ့ American ဖက်ရှင်အမှတ်တံဆိပ်သစ်တချို့အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။
(၁) American Trench
Photo: Effortless Gent
ခေတ်စားလာတဲ့ အမေရိကန်ထုတ် အမျိုးသားဖက်ရှင် Brands တွေထဲမှာ American Trench ဟာ စတိုင်ကျတဲ့ Trench Coat တွေနဲ့ လူကြိုက်များတဲ့ ခြေအိတ်တွေကြောင့် နာမည်ကျော်ပါတယ်။ ဖီလာဒီဖီးယားအခြေစိုက် ဒီကုမ္ပဏီဟာ အမေရိကန်စစ်တပ်ဝတ် ဂျက်ကတ် ၊ Vest နဲ့ Knit Caps ဦးထုပ်တွေ ထုတ်တဲ့ Epaulet လို Brands တွေနဲ့လည်း Partners လုပ်ထားပါတယ်။
(၂) Billykirk
Photo: Effortless Gent
အရည်အသွေးကောင်းပြီး အကြမ်းခံတဲ့ လယ်သာအသုံးအဆောင်တွေအတွက် Billykirk အမှတ်တံဆိပ်လည်း ရွေးချယ်စရာအဖြစ် မှတ်ထားလို့ ရပါတယ်။ Billykirk ရဲ့ အဓိက နာမည်ကျော်တာက အကြမ်းခံပြီး အသေးစိတ်ချုပ်လုပ်ထားတဲ့ ဒီဇိုင်းကြောင့် ဖြစ်ပါတယ်။ လယ်သာထုတ်ကုန်အနေနဲ့ ခါးပတ်ကနေ လွယ်အိတ်အထိ ထွက်ပါတယ်။
(၃) The Hill-Side
Photo: Effortless Gent
ဘရွတ်ကလင်းမြို့မှာ ရှိတဲ့ The Hill-Side အမှတ်တံဆိပ်က လှပတဲ့ Cotton Denim လို ချည်သားနဲ့ ဆန်းသစ်တဲ့ Indigo Dye ကာလာမျိုး ပေါင်းစပ်ပြီး ရိုးရှင်းလှပတဲ့ အထည်တွေ ထုတ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမေရိကန်ရဲ့ အကောင်းဆုံး မျက်နှာသစ်အမျိုးသားဝတ်ဒီဇိုင်နာဆုရ ညီအကိုနှစ်ဦး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ကျီဒီဇိုင်းသစ်တွေကို The Hill-Side မှာ ဝင်ကြည့်နိုင်ပါတယ်။
(၄) Tanner Goods
Photo: Effortless Gent
Tanner Goods ကနေ ဖက်ရှင်အစုံထုတ်ပါတယ်။ လယ်သာအင်္ကျီနဲ့ ခါးပတ်လိုမျိုး အသုံးအဆောင်ကနေ Formal ဖက်ရှင်တွေလည်း ထုတ်ပါတယ်။