ကြည်လင်ပြတ်သားတဲ့ ပရီမီယမ်ဆန်ဆန် ရုပ်ထွက် ကွာလတီကို ခံစားချင်တယ် ဆိုရင်တော့ AMOLED Display ပါတဲ့ တက်ဘလက်တွေကို ကွီးတို့ ဦးစားပေး စဉ်းစားရမှာပါ။ လက်ရှိ ဈေးကွက်ထဲမှာ AMOLED Display ပါတဲ့ တက်ဘလက်တွေကတော့ ရွေးချယ်စရာ အများကြီး ရှိပါတယ်။ ဒီထဲကမှ Performance ပိုင်း Powerful ဖြစ်ရမယ် ၊ Smooth ဖြစ်တဲ့ Touch စွမ်းဆောင်ရည်နဲ့ ရုံးသုံးကျောင်းသုံးကနေ ပရော်ဖက်ရှင်နယ်သုံးအထိ အဆင်ပြေနိုင်မယ့် တက်ဘလက် အချို့ကို ပြောပြပေးပါမယ်။
(၁) Samsung Galaxy Tab S10 Ultra
Photo : Samsung
ဒီကောင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ထွက်ခဲ့တဲ့ စွမ်းဆောင်ရည် အကြမ်းဆုံး တက်ဘလက် တွေထဲက တစ်လုံးပါ။ Samsung Galaxy Tab S10 Ultra မှာ ၁၄.၆ လက်မ Dynamic AMOLED 2X မျက်နှာပြင် တပ်ဆင်ပေးထားလို့ ရုပ်ထွက်ကွာလတီကတော့ ရှယ်မိုက်ရှယ်လန်းတဲ့အပြင် S Pen လည်း Support ပေးထားပါတယ်။
(၂) Xiaomi Pad 7 Ultra
Photo : ShiftDelete.net
ဒီနှစ်ထဲမှာ အသစ်စက်စက် မိတ်ဆက်ထားတဲ့ Xiaomi Pad 7 Ultra ကတော့ ဒီဇိုင်းပိုင်းရော စွမ်းဆောင်ရည်ပိုင်းနဲ့ပါ တော်တော်လေး လူကြိုက်များ နေပါတယ်။ Xiaomi Pad 7 Ultra မှာ ၁၄ လက်မ AMOLED, 68B Colors Display ကို တပ်ဆင်ပေးထားပြီး ပါးလွှာတဲ့ ပရီမီယမ် ဆန်ဆန်ဒီဇိုင်းနဲ့ ထုတ်ထားတဲ့ အမိုက်စား တက်ဘလက်တစ်လုံး ဖြစ်ပါတယ်။
(၃) ZTE nubia RedMagic Astra
Photo : Gizchina.com
ပုံမှန် ရုံးသုံးကျောင်းသုံး တင်မကပဲ Gaming အတွက်ပါ သုံးချင်တယ်ဆိုရင်တော့ RedMagic Gaming Tablet 3 Pro (Astra) ကို ရွေးဖို့ ညွှန်းချင်ပါတယ်။ ရုပ်ထွက်ပိုင်းကတော့ လုံးဝအကြမ်းစား ကြည်လင်ပြတ်သားတဲ့ ၉.၆ လက်မ LTPO OLED, 1B Colors Display ကို သုံးပေးထားတာပါ။ ထွက်တာ လပိုင်းပဲရှိသေးပြီး ဒီဇိုင်းပိုင်း ၊ Performance ပပိုင်း ဘာမှပြောစရာမလိုတဲ့ တက်ဘလက် တစ်လုံးဖြစ်ပါတယ်။
Source : Analytics Insight
Featured Photo : NgheNhinVietNam