အရင်တုန်းကတော့ ဖက်ရှင်လောက ကကျွမ်းကျင်တဲ့ဒီဇိုင်နာတစ်ချို့ကတော့ Pattern ဒီဇိုင်းတွေကို အချင်းချင်းတွဲဖက် ဝတ်တဲ့အခါမှာ Clash ဖြစ်တတ်လို့ မတွဲဝတ်ဖို့သတိပေးကြပါတယ်။ သို့သော်လည်း ၂၀၁၉ ကိုရောက်လာတဲ့အခါမှာ ဒီလို Pattern ဒီဇိုင်းတွေကို Match လုပ်ပြီးလာကြပါတယ်။

ဥပမာပေးရရင် သေချာတာတစ်ခုကတော့ အပေါ်ကအပွင့်နဲ့ အောက်ကအကွက်ကို ဘယ်သူမှတွဲမဝတ်ပါဘူး။ ဝတ်ကြည့်ရင် မလိုက်ဘူးဆိုတာထင်ရှားပါတယ်။ ကဲ ဒါဆိုရင် ဒီလိုမလိုက်ဖက်တဲ့ ဒီဇိုင်းတွေကို ဘယ်လို Stylish ဖြစ်နေအောင်ဝတ်ကြမလဲ။ အဖြေမထုတ်ခင် Print နဲ့ Pattern အမျိုးအစား ဘယ်နှမျိုးရှိလည်းဆိုတာကို အရင်ရှင်းချင်ပါတယ်။

အတုံးအကွက်အကြီး အဆင်ထည် (Checks)

အစင်းကျား အဆင်ထည် (Stripes)

အတုံးအကွက်အသေး အဆင်ထည် (Houndstooth)

ငှက်မွေးသဖွယ် အကွေးအဝိုက် အကော့အညွတ်များပါသည့် အထည်ဆင် (Paisley)

အစက်အပြောက်များပါသည့် အဆင်ထည် (Polka Dots)

ဆိုပြီး ၅မျိုးကွဲပြားသွားပါတယ်။

အရင်တုန်းက Mix Match လုပ်ပြီးဝတ်ဖူးတဲ့ သမိုင်းရှိပါတယ်။ နောက်ပိုင်း ကပေါက်တိကပေါက်ချာတွေဖြစ်ပြီး အပ်စပ်မှုအာမရှိတော့တာကြောင့် ဖက်ရှင်လောက ကအသိအမှတ်မပြုခဲ့ပါဘူး။ ဟိုးတုန်းက ဖက်ရှင်ဒီဇိုင်းနာတွေ လက်ထက်ကတော့ လက်မခံနိုင်ပေမယ့် အခုခေတ်မှာတော့ Suit တွေမှာတောင် ဒီလို Pattern ဒီဇိုင်းတွေကိုကစားပြီးချုပ်လာကြတော့ Trend တစ်ခုအနေနဲ့ပြန်ခေတ်စားလာတာလည်း မဆန်းပါဘူး။ Plaids နဲ့ Stripes အစင်းတွေတောင်တွဲပြီးဝတ်လာကြပါတယ်။ အဓိကကျတာ Harmony ဖြစ်ဖို့ပါပဲ။

တစ်ခု သတိထားရမှာက Proportion ပါပဲ။ တစ်ခုနဲ့တစ်ခု Clash မဖြစ်အောင် အရွယ်အစားကို ချိန်ထိုးတတ်ဖို့လိုပါတယ်။ ဥပမာပေးရရင် Checks ဆိုတဲ့ Pattern အမျိုးအစားတူတာတောင် အသေးနဲ့အကြီး ကိုတွဲဝတ်လို့မရပါဘူး။ အစင်း Stripes ဝတ်မယ်ဆိုလည်း ဒီအတိုင်းပါပဲ အပေါ်ကိုအစင်းအသေး အောက်ကို အစင်းအကြီးဝတ်ထားမယ်ဆိုရင် အရင်တုန်းကပေါ်ခဲ့တဲ့ ပက်လက်ကုလားထိုင် အကွက်ကြီးလိုလို စောင်ပဲခြုံထားသလိုလို ကြည့်ရတာ ထူးဆန်းနေမှာပါ။ သိစေချင်တာက အရွယ်အစားကိုလိုက်ပြီး Pattern ကစားတတ်ဖို့လိုပါတယ်။

ဒီနိယာမအတိုင်းပဲ Pattern မတူလည်း Proportion ကို နားလည်ရင်ရပါပြီ။ ဖော်ပြပေးထားတဲ့ပုံတွေကိုလည်း ကြည့်ပြီးလေ့လာလို့ရပါတယ်။ ဒီလောက်ဆိုရင်နော့ Pattern တွေကို ဝတ်ဆင်တတ်မယ်လို့မျှော်လင့်ပါတယ်။

Source: Fashionbeans.com