မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ရာဖေးလ် ဒါဆေးလ်ဗားက ၎င်းရဲ့အသင်းဖော်ဟောင်း အန်ဒါဆင်သာ ဘာဂါကို သည်းကြီးမည်းကြီး မနှစ်သက်ခဲ့ဘူးဆိုရင် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်ခဲ့လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အန်ဒါဆင်ဟာ ၂၀၀၇ ခုနှစ်မှာ ပေါ်တိုအသင်းကနေ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ဘောလုံးလောကရဲ့ အလားအလာအရှိဆုံး ပါရမီရှင်လောင်းတွေထဲက တစ်ဦးအဖြစ် ရှုမြင်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။ အန်ဒါဆင်ဟာ အင်္ဂလန်မှာ ၈ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ပြီး ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ပြဿနာရှိခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် ညာနောက်ခံကစားသမားဟောင်း ရာဖေးလ် ဒါဆေးလ်ဗားက ၎င်းရဲ့ ညီဖြစ်သူ ဖေဘီယို ဒါဆေးလ်ဗားနဲ့ တွဲဖက်ရေးသားခဲ့တဲ့ ပူးတွဲကိုယ်တိုင်ရေးအထုပ္ပတ္တိထဲမှာ ဘာကြောင့် ၎င်းရဲ့အသင်းဖော်ဟောင်း ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ အလားအလာရှိသလောက် မအောင်မြင်ခဲ့ရလဲဆိုတာကို အတိအကျ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

Manchester United's Oliveira Anderson celebrates scoring his second and side's fourth goal of the game

Photo: sportbible

“ကျွန်တော်တို့ အသင်းဘတ်စ်ကားကြီးနဲ့ အမြန်လမ်းမပေါ်က ခဏနားတဲ့နေရာရောက်တော့ အန်ဒါဆင်က အဆက်မပြတ်ခုန်ပြီး မက်ဒေါ်နယ်၊ မက်ဒေါ်နယ်ဆိုပြီး အော်ဟစ်နေခဲ့ပါတယ်။ဒီကောင်က ရူးကြောင်ကြောင်နဲ့ပါ။ ဒါပေမယ့် ကျွန်တော်သူ့ကို ချစ်ခင်ပါတယ်။ သူ့ကို ဘောလုံးပေးလိုက်ပြီးရင် သူက လွတ်လပ်မှုနဲ့အတူ ကစားပါလိမ့်မယ်။ တခါတလေ သူ ခြေတွေ့သွားခဲ့ရင် လိဂ်မှာရှိနေတဲ့ ကစားသမားအားလုံးအတိုင်းပဲ သူ ကစားနိုင်ပါတယ်”

“သူ ဒဏ်ရာတွေ အများကြီး ရရှိခဲ့ပြီးတော့ သူ့ပြဿနာက အစားအသောက်စားတဲ့ပုံစံက သူ့အပေါ် အကျိုးသက်ရောက်မှု စတင်လာခဲ့တာပါပဲ။ သူ ပွဲအများကြီး ကစားရတုန်းက သူ့ရဲ့အကောင်းဆုံးခြေစွမ်းရလာခဲ့တာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ သူ အများကြီးလည်း စားလို့မရဘူးလေ။ကျွန်တော် အန်ဒါဆင်အကြောင်း တစ်ခုတော့ ပြောမယ်။ သူသာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားပီသခဲ့ရင် သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါလိမ့်မယ်”

“ဒါတွေအားလုံးကို ကျွန်တော် တကယ်ပြောနေတာပါ။ သူ ဘယ်အရာကိုမှ အလေးအနက်မထားခဲ့ဘူးလားတော့ ကျွန်တော် မသိပါဘူး။ သူက ဘဝကို သက်တောင့်သက်သာနဲ့ ရေလိုက်ငါးလိုက်လေးပဲ နေရတာကို နှစ်သက်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

Honeybee Burger

Photo: VegNews

အန်ဒါဆင်ဟာ ၂၀၁၅ ခုနှစ်မှာ ဘရားဇီးလ်ကလပ် အင်တာနေစီယွန်နယ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ အဒါနာ ဒီမီရာစပေါ်အသင်းကို ထပ်မံ ပြောင်းရွှေ့ကစားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့နှစ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

လက်ရှိမှာတော့ အန်ဒါဆင်ဟာ ယင်းတူရကီကလပ်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေပြီး ယူနိုက်တက်အသင်းဖော်ဟောင်းဖြစ်တဲ့ မိုက်ကယ် အိုဝင်ကလည်း ရာဖေးလ်ရဲ့ သုံးသပ်မှုကို သဘောတူညီခဲ့ပြီး အန်ဒါဆင်ဟာ အေးအေးဆေးဆေး နေတတ်လွန်းတယ်လို့ မကြာသေးမီက ပြောကြားခဲ့ဖူးပါတယ်။