ကွီးတို့ရေ တစ်နေ့တာလုံး အလုပ်ကိစ္စတွေ ၊ ကျောင်းကိစ္စတွေ၊ အခြားသော ကိစ္စရပ်များကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေပြီး အပန်းဖြေဖို့ လိုအပ်နေပါသလား။ လူတစ်ယောက်နဲ့ တစ်ယောက်တော့ အပန်ဖြေနည်း မတူညီကြဘူး။ တချို့ကလည်း လက်ကိုင်ဖုန်းနဲ့ပဲ ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာမျိုး လုပ်တတ်ကြပါတယ်။ ဒါကြောင့် အားလပ်ချိန်ကို ဂိမ်းဆော့ပြီး အပန်းဖြေတတ်တဲ့ ကွီးတို့အတွက် Android ဖုန်းတွေမှာ ဆော့လို့ရတဲ့ အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း တွေကို ဖော်ပြပေးချင်ပါတယ်။

Android မိုဘိုင်းလ်ဂိမ်း

Android ဖုန်းတွေမှာ ဆော့လို့ရတဲ့ အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း တွေကတော့

Photo : Digital Trends

(၁) Apex Legends Mobile

Source : Apex Legends Mobile

Android ဖုန်းတွေအတွက် အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း တွေထဲကတစ်ခုကတော့ Apex Legends Mobile ပဲဖြစ်ပါတယ်။  ဂိမ်း ဝါသနာရှင် ကွီးတို့ အတွက် Apex Legend ကို စိမ်းမယ် မထင်ပါဘူး။ Apex Legend ကို ၂၀၁၉ ဖေဖော်ဝါရီ ၄ ရက်နေ့က Windows၊ PS4 နဲ့ Xbox One တို့အတွက် ထွက်ရှိခဲ့ပြီး Nintendo Switch အတွက်ကတော့ မတ်လ ၉ ရက် ၂၀၂၁ မှာထွက်ရှိခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ PS5၊ Xbox Series X/S အတွက် မတ်လ ၂၉ မှာ ၂၀၂၁ မှာထွက်ရှိခဲ့ပါတယ်။ ကဲ ကွီးတို့ရေ Android နဲ့ iOS တွေအတွက် Aplex Lengend Mobile ဆိုပြီး Graphic အမိုက်စားတွေနဲ့ ဒီ ၂၀၂၂ မေလ ၁၇ ရက်နေ့မှပဲထွက်ရှိထားပြီး ပထမဆုံးလမှာတင် Downloads ဆွဲသူပေါင်း ၁၀ သန်းကျော်ရှိခဲ့ပါတယ်။ ဒါကြောင့် မဆော့ကြည့်ရသေးတဲ့ ကွီးတွေလည်း တာကြောင့် အမြန်ဆုံး ဆော့ကြည့်လိုက်ပါ။

(၂) GRID Autosport

Source : Feral Interactive

ကားမောင်းပြိုင်တဲ့ Racing ဂိမ်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ ရှိပါသလား။ Racing Game ကို ဖုန်းနဲ့ဆော့မယ်ဆိုရင်ရော ဆော့လို့ကောင်းပါ့မလား။ ဒါဆိုရင်တော့ မပူပါနဲ့။  ၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ GRID Autosport ဆိုတဲ့ Racing Game လေးရှိပါတယ်။ GRID Autosport က ထွက်ရှိပြီးပြီးချင်းမှာပဲ Android ဖုန်းတွေအတွက်အကောင်းဆုံး Racing Game တစ်ခု ဖြစ်လာပါတယ်။ ပရီမီယမ် Game တစ်ခုဖြစ်တဲ့အတွက် ဒေါ်လာ ၉.၉၉ ကျသင့်မှာဖြစ်ပါတယ်။ ဒီ ဂိမ်းမှာ တကယ်ကိုကောင်းတဲ့ Graphics တွေနဲ့ Racing ပြိုင်ဖို့အတွက် စတိုင်လ်အမျိုးမျိုးပါရှိပါတယ်။

(၃) Sky : Children of Light

Source : thatgamecompany

ကွီးတို့ရေ စွန့်စားခန်းတွေပါတဲ့ ဂိမ်းမျိုးကို ဆော့ချင်ရင်တော့ Sky : Children of Light ဆိုတဲ့ မိုဘိုင်းလ် ဂိမ်းလေးပဲဖြစ်ပါတယ်။ ဒီဂိမ်းလေးက ၂၀၂၀ မှာထွက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး စွန့်စားခန်းဂိမ်း တစ်ခုဖြစ်ပါတယ်။ ဒီ ဂိမ်းရဲ့ Graphics တွေကလည်း တကယ်ကိုကောင်းမွန်ပြီး စွန့်စားလေ စိတ်ဝင်စားဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ဂိမ်းလေးပါ။

အခုဖော်ပြပေးခဲ့တာကတော့ Android ဖုန်းတွေအတွက် အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း တွေထဲက အချို့ပဲဖြစ်ပါတယ်။ ကွီးတို့ အားလပ်ချိန်မှာ အပျင်းပြေဆော့ဖိုတော့ အကောင်းဆုံး ဂိမ်းတွေပါပဲ။

Source : Android Authority

Featured Photo : Games