Android ဖုန်းအသုံးပြုသူတွေအတွက် ရွေးချယ်စရာ Smartwatches တွေ အများကြီး ရှိတဲ့အထဲကမှ Features စုံစုံနဲ့ ဈေးသက်သာတဲ့ လူကြိုက်အများဆုံး အမျိုးအစား အချို့ကို ရွေးချယ်ပြောပြပေးပါမယ်။

(၁) Samsung Galaxy Watch 6

Samsung Galaxy Watch 6

Photo : Samsung Newsroom

AMOLED Display နဲ့ စွမ်းဆောင်ရည်မြင့် Samsung Galaxy Watch 6 ကတော့ Android ဖုန်း အသုံးပြုတွေအတွက် ရွေးချယ်စရာ Smartwatches အမျိုးအစားတွေထဲက တစ်ခုပါ။ အိပ်စက်မှုနဲ့ နှလုံးခုန်နှုန်းတွေကို Tracking ကောင်းကောင်း လုပ်ပေးနိုင်ပြီး နာရီပေါင်း ၄၀ ဘက်ထရီ သက်တမ်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Google Assistant လည်း အသုံးပြုလို့ ရပါတယ်။

(၂) Fitbit Versa 4

Fitbit Versa 4

Photo : 9to5Toys

Fitbit Versa 4 ကတော့ ကျန်းမာရေး လိုက်စားသူတွေ ၊ အားကစား ပုံမှန်လုပ်သူတွေ ရွေးချယ်စရာ Smartwatches တစ်လုံးပါ။ ဘယ် Android စမတ်ဖုန်းနဲ့မဆို လွယ်လွယ်ကူကူ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Built-in GPS စနစ်ပါဝင်သလို ကျန်းမာရေးဆိုင်ရာ Apps တွေနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ပြီး ဘက်ထရီသက်တမ်းကတော့ ၆ ရက်ခန့်အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၃) Amazfit GTR 3 Pro

Amazfit GTR 3 Pro

Photo : T3

Amazfit GTR 3 Pro ကတော့ ၁.၄၅ လက်မ AMOLED မျက်နှာပြင်နဲ့ အထာကျတဲ့ စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ ကျန်းမာကြံ့ခိုင်မှု အတွက်ရော ဖက်ရှင်ကျကျ ဝတ်ဆင်ချင်သူတွေအတွက်ပါ ရွေးချယ်သင့်တဲ့ နာရီတစ်လုံး ဖြစ်ပြီး ဘက်ထရီ သက်တမ်းကလည်း တစ်ခါအားသွင်းပြီး ၁၂ ရက်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Amazfit GTR 3 Pro က Android ရော iOS Devices တွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

(၄) Garmin Venu 2

Garmin Venu 2
Photo : PC-Welt

ကျန်းမာကြံ့ခိုင်မှုကို အသေးစိတ် တွက်ချက်ပေးနိုင်တဲ့ စိတ်ဝင်စားစရာ Features တွေနဲ့ အားကစား အက်ပလီကေးရှင်းပေါင်း ၂၅ ခု ပါဝင်တဲ့ Garmin Venu 2 ကတော့ ကျန်းမာရေး လိုက်စားသူတွေ ၊ အားကစား လုပ်သူတွေအတွက် အထူးသင့်လျော်တဲ့ စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ စိတ်ဖိစီးမှု အဆင့်နဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု အချက်အလက်တွေကို အလွန် အသေးစိတ်တဲ့ ပုံစံနဲ့ တိုင်းတာဖော်ပြပေးနေပြီး နည်းပြတစ်ယောက်ကဲ့သို့ အသုံးပြုသူတွေရဲ့ ကျန်းမာကြံ့ခိုင်မှုကို အနီးကပ်စောင့်ကြည့် စစ်ဆေးပေးနေမှာပဲ ဖြစ်ပါတယ်။

Source : Analytics Insight

Featured Photo : CNET