ကွီးတို့က ဘော်ဒါတွေအတူတူ စုပြီး ပျော်ပျော်ပါးပါးနဲ့ ဂိမ်းဆော့ချင်ကြတယ်။ ဒါပေမဲ့ ကွီးတို့ ဘော်ဒါတွေထဲမှာ Android ဖုန်းသုံးတဲ့သူက သုံး၊ iOS သမားကလည်း သူ့ဖုန်းနဲ့သူ ဆိုတော့ ဂိမ်း အမျိုးအစားကလည် ဆော့လို့ရတာတွေရော ဆော့လို့ မရတာတွေရော အမျိုးစုံ ကွဲပြားသွားပါလိမ့်မယ်။

ကွီးတို့က Android ဖုန်းပဲ ကိုင်ကိုင် iOS ဖုန်းပဲ ကိုင်ကိုင် အဓိကကတော့ အတူတူ ပျော်ပျော်ပါးပါး ဂိမ်း ဆော့လို့ရဖို့ပဲ မဟုတ်လား။

ဒါ့ကြောင့်မို့လို့ အခုဖော်ပြပေးမှာကတော့ ဖုန်း အမျိုးအစား မရွေး ဆော့ကစားနိုင်တဲ့ ဂိမ်းတွေပဲဖြစ်ပါတယ်။

Among Us

Among Us ဆိုတာကတော့ ဂိမ်း ချစ်သူများအကြား ရေပန်းစားတဲ့ ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ဘော်ဒါတွေ အတူတူ တစ်ပျော်တစ်ပါးကြီး ဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်။ iOS ရော Android သမားတွေပါ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပါ။

Genshin Impact

အက်ရှင် ဂိမ်းတွေကိုမှ ကာရိုက်တာ မျိုးစုံ ပါဝင်ပြီး ကွီးတို့ ကြိုက်နှစ်သက်ရာ ကာရိုက်တာကို ရွေးချယ်နိုင်ပါတယ်။ သူကတော့ Android နဲ့ iOS တင် မကပါဘူး။ PlayStation 4 & 5 နဲ့ Windows တွေနဲ့ပါ ဆော့ကစားနိုင်ပါသေးတယ်။ ဆုတံဆိပ်တွေ အများကြီးလည်း ဆွတ်ခူးထားတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

Hearthstone

Hearthstone ကတော့ ဒစ်ဂျစ်တယ် ကတ်ဂိမ်းပဲဖြစ်ပါတယ်။ ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးဖြစ်ပြီး Android သမားတွေရော ပန်းသီး သမားတွေပါ ဆော့ကစားနိုင်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း မိမိုက်နေတာကြောင့် ဂိမ်းချစ်သူများလည်း သဘောကျကြပါတယ်။

League of Legends: Wild Rift

League of Legends: Wild Rift ကတော့ Multiplayer ဆော့ကစားနိုင်တဲ့ တိုက်ပွဲ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဘယ်ဖုန်း အမျိုးအစားနဲ့မဆို ဆော့ကစားနိုင်တဲ့အပြင် Xbox One ၊ PlayStation နဲ့ iPadOS နဲ့ပါ ဆော့ကစားနိုင်ပါသေးတယ်။ ကွီးတို့ ဘော်ဒါတွေ ဆုပြီး ပျော်ပျော်ပါးပါး ဆော့ကစားနိုင်ပါတယ်။

Mario Kart Tour

ဒီဂိမ်းကတော့ ၂၀၁၉ ကတည်းက ထွက်ရှိခဲ့တဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Nintendo ကနေပြီးတော့ မိုဘိုင်းလ် အသုံးပြုသူတွေအတွက် ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ ကစားသမား အများအပြားနဲ့ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။

Pokémon GO

ဒီဂိမ်းကတော့ ပိုကီမွန် ချစ်သူတွေအားလုံး ကြိုက်နှစ်သက်ကြတဲ့ ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ Nintendo နဲ့ ပိုကီမွန် ကုမ္ပဏီတို့က ပူးပေါင်းပြီး ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ကွီးတို့ ဖုန်းက ဘယ်ဖုန်းအမျိုးအစားအတွက်မဆို ဆော့ကစားနိုင်ပါတယ်။

Rocket League Sideswipe

ပြိုင်ကားဂိမ်းနဲ့ ဘောလုံး ဂိမ်းတို့ကို စုပေါင်းထားပြီး တစ်ပြိုင်နက်တည်း ဆော့ကစားချင်ပါသလား။ ဒါဆိုရင်တော့ Rocket League Sideswipe ကို ရွေးချယ် ဆော့ကစားသင့်ပါတယ်။ ကွီးတို့ ဘော်ဒါတွေ အဖွဲ့လိုက် စုဖွဲ့ပြီး ဘောလုံးကို လုကာ ဆော့ကစားရမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ဘော်ဒါတွေ အတူတူ ဆုံလာပြီဆို ဂိမ်းအတူတူ ဆော့လေ့ရှိကြပါသလား။

Source: Androidpolice.com

Featured Image: Tapsmart