စမတ်ဖုန်း Market ထဲမှာ မတူညီတဲ့ Brand အလိုက် Premium ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လာကြပါပြီ။ IOS မှာ iPhone 16 Pro Max ထွက်ခဲ့ပြီးနောက်မှာ Android လောကရဲ့ဘိုးတော် Brand ကြီးတွေကလည်း သူတို့ရဲ့ အမိုက်စား Premium ဖုန်းတွေကို သူ့ထက်ငါအပြိုင် မိတ်ဆက်နေပါတယ်။ လက်ရှိ ၂၀၂၅ ထဲမှာ Powerful ဖြစ်တဲ့ Processors တွေ ၊ အမိုက်စား ကင်မရာ တပ်ဆင်မှုတွေနဲ့ ဆန်းသစ်တဲ့ Features တွေပါတဲ့ အမြင့်လိုင်း Premium စမတ်ဖုန်းတွေ ရွေးချယ်စရာ အများကြီး ရှိနေတာပါ။ ဒီထဲကမှ စမတ်ဖုန်းချစ်သူတွေအတွက် Premium အဆန်ဆုံး Flagship ဖုန်းတွေထဲက အချို့ကို ရွေးထုတ်ပြောပြပေးချင်ပါတယ်။

(၁) Samsung Galaxy S25 Ultra

Samsung Galaxy S25 Ultra
Photo : Digit

Apple နဲ့ အပြိုင်ဖြုတ်နေတဲ့ Samsung ရဲ့ Galaxy S25 Ultra ကတော့ Android ထဲမှာ တော်တော်လေးကြမ်း တော်တော်လေး Premium ဆန်တဲ့ Flagship ဖုန်းတစ်လုံးဆိုတာ အားလုံး သိပြီးသား ဖြစ်မှာပါ။ ကြီးမားကျယ်ပြန့်ပြီး ကြည်လင်ပြတ်သားတဲ့ ၆.၉ လက်မ မျက်နှာပြင် ပါဝင်ပြီး Processor ပိုင်းမှာ ရှယ်မိုက်တဲ့ Snapdragon 8 Elite ကို သုံးထားပါတယ်။ ကင်မရာပိုင်းကတော့ အထွေအထူးရှင်းပြဖို့ မလိုအောင်ကို တကယ်ကြမ်းတဲ့ Camera Setup ကို သုံးပေးထားပြီး 5000mAh ဘက်ထရီနဲ့ Samsung ရဲ့ ကိုယ်ပိုင် S Pen အသုံးပြုနိုင်မှုဟာ S25 Ultra ကို ပိုပြီး ပြီးပြည့်စုံစေတဲ့ အချက်တစ်ခု ဖြစ်စေပါတယ်။

(၂) Google Pixel 9 Pro

Google Pixel 9 Pro
Photo : Android Police

Google Pixel 9 Pro ကတော့ Clean & Smooth ဖြစ်တဲ့ Android Experience ပေးတဲ့ စမတ်ဖုန်းတစ်လုံးလို့ သိကြပါတယ်။ မျက်နှာပြင်ကို ၆.၈ လက်မ LTPO OLED Display သုံးပေးထားပြီး Google ရဲ့ ကိုယ်ပိုင် Tensor G4 Chip ကိုမောင်းနှင်ထားပါတယ်။ Tensor G4 Chip ကြောင့်ရဲ့ Pixel 9 Pro ရဲ့ Features တွေက တော်တော်လေး ဂျွတ်ထနေတာလို့ ပြောရမှာဖြစ်ပြီး အလန်းစား ကင်မရာတပ်ဆင်မှု ၊ 5060mAh ဘက်ထရီနဲ့ အချိန်နဲ့အမျှ Google ရဲ့ Software နဲ့ Security Updates တွေ ရရှိနေတဲ့ Premium အဆန်ဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်။

(၃) OnePlus 13 Pro

OnePlus 13 Pro
Photo : Dailynews24

OnePlus ထဲက Premium အဆန်ဆုံး Flagship ဖုန်းမှ ကိုင်ချင်တယ်ဆိုရင် OnePlus 13 Pro ရှိပါတယ်။ Performance ပိုင်းရှယ်လန်းရမယ် ၊ ဒီဇိုင်းကတော့ လုံးဝ Unique ဖြစ်ရမယ်ဆိုတဲ့သူတွေ ရွေးချယ်သင့်ပါတယ်။ ဒီဖုန်းက ၆.၇ လက်မ မျက်နှာပြင်နဲ့ Snapdragon 8 Elite Chipset ကို သုံးပေးထားပြီး ကင်မရာပိုင်းကလည်း 200MP Main ကင်မရာနဲ့ လုံးဝရှယ်မိုက်တဲ့ ရုပ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 6000mAh ဘက်ထရီနဲ့ 200W Fast Charging စနစ်ပါလို့ ၁၅ မိနစ်အတွင်းမှာ အားအပြည့်သွင်းနိုင်တာကလည်း ဒီဖုန်းရဲ့ အားသာချက် တစ်ခုပါပဲ။ ဒီဇိုင်းလန်း ၊ စွမ်းဆောင်ရည်ကြမ်းတဲ့ Android ဆိုရင်တော့ OnePlus 13 Pro ကို ကွီးတို့ စဉ်းစားသင့်ပါတယ်။

(၄) Xiaomi 15 Ultra

Xiaomi 15 Ultra
Photo : 9to5Google

Xiaomi 15 Ultra ကတော့ Photography နဲ့ Premium Design ဘက်ကို အသားပေးထားတဲ့ စမတ်ဖုန်းတစ်လုံးပါ။ ၆.၇၃ လက်မ AMOLED Display နဲ့ စွမ်းဆောင်ရည် အကြမ်းဆုံး Snapdragon 8 Elite Processor ကို သုံးထားလို့ User တွေအတွက် မြန်ဆန်ချောမွေ့သွက်လက်တဲ့ ခံစားချက်ကတော့ ကောင်းကောင်းကြီး ရစေမှာ ဖြစ်ပါတယ်။ ကင်မရာ ၊ ဘက်ထရီ အားလုံး အပြစ်ပြောစရာမရှိတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး အပျော်တမ်းကစလို့ ပရော်ဖက်ရှင်နယ်ကျကျ ဓာတ်ပုံ/ဗီဒီယိုတွေ ရိုက်ကူးချင်သူတွေ နှစ်သက်မှာ သေချာပါတယ်။

Source : Analytics Insight

Featured Photo : PetaPixel