၂၀၂၂ ခုနှစ်ထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ Android ဂိမ်း အသစ်တွေ အများကြီး ထွက်ခဲ့ပါတယ်။ စိတ်အပန်းပြေစရာ ပေါ့ပေါ့ပါးပါး ဂိမ်းတွေ ပါသလို ပဟေဠိဆန်ဆန် ခေါင်းစားရတဲ့ဂိမ်းတွေ ၊ အပစ်အခတ် အတိုက်အခိုက် ဂိမ်းတွေအပြင် ထူးထူးခြားခြား ဆော့လို့ကောင်းတဲ့ ဂိမ်းတွေ အများကြီး ပါဝင်ပါတယ်။ ဒီထဲကမှ ဂိမ်းဝါသနာရှင် ကွီးတို့ အကြိုက်တွေ့စေမယ့် စိတ်ဝင်စားစရာ ဂိမ်းအသစ် တချို့ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။
(၁) 20 Minutes Till Dawn
Source : Erabit Studios
ဒီဂိမ်းကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ Survival ဂိမ်းပုံစံ ဆော့ကစားရမှာ ဖြစ်ပါတယ်။ 20 Minutes Till Dawn ဆိုတဲ့အတိုင်း Enemies တွေရဲ့ တိုက်ခိုက်မှုကို မိနစ် ၂၀ ကြာ Survive လုပ်သွားရမှာပါ။ ရိုးရှင်းပေမယ့် ကောင်းမွန်တဲ့ Graphics ပုံစံတွေနဲ့ Level တစ်ခုစီအလိုက် စိတ်လှုပ်ရှားစရာ ဆော့ကစားရမှာ ဖြစ်ပါတယ်။ Android အပြင် Microsoft Windows ၊ macOS ပလက်ဖောင်းတွေမှာပါ ဆော့ကစားနိုင်မှာဖြစ်ပြီး Free To Play ကစားလို့ရတဲ့အတွက် ဂိမ်းချစ်သူတွေ စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းသစ်တစ်ခုပဲ ဖြစ်ပါတယ်။
(၂) Neko Golf
Source : COLOPL CHANNEL
ဒီဂိမ်းကတော့ Anime-Themed ဂေါက်ရိုက် ဂိမ်း တစ်ခုဖြစ်ပါတယ်။ Players တွေအတွက် ဂေါက်ရိုက်ရာမှာ အကွာအဝေး ချိန်ဆမှုနဲ့ တိကျမှု ပိုရှိစေဖို့ Flick And Click ကစားတဲ့ပုံစံကို အသုံးပြုပေးထားပါတယ်။ တခြားသူတွေနဲ့ Online ချိတ်ဆက်ပြီး ကစားလို့ရသလို အပြင်ထွက်ပြီး ဂေါက်ရိုက်ရသလို ခံစားရစေမယ့် ပျော်စရာကောင်းတဲ့ Enjoy Mode တွေလည်း ပါဝင်ပါတယ်။ ဒီဂိမ်းလေးကလည်း Free To Play ကစားလို့ရပြီး iOS နဲ့ Android ၂ ခုစလုံးမှာ ဆော့နိုင်မှာ ဖြစ်ပါတယ်။
(၃) The Past Within
Source : Rusty Lake
ဒီဂိမ်းလေးကတော့ တော်တော်လေးထူးခြားတဲ့ Puzzle ဂိမ်း တစ်ခု ဖြစ်ပါတယ်။ ဂိမ်းကို Players ၂ ယောက်က အတူတူပူးပေါင်း ကစားရမှာဖြစ်ပြီး တစ်ယောက်က အတိတ် ၊ တစ်ယောက်က အနာဂတ်မှာ ကစားရမှာ ဖြစ်ပါတယ်။ အတိတ်နဲ့အနာဂတ်က ဖြစ်ရပ်တွေကို ဆန်းစစ်ပြီး ဇာတ်လမ်းဇာတ်သွားနဲ့ Puzzle တွေကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းကတော့ ၃ ဒေါ်လာခန့်နဲ့ ဝယ်ကစားရမှာဖြစ်ပြီး Android အပြင် PC ၊ Mac ၊ iOS တို့မှာလည်း ကစားနိုင်မှာဖြစ်သလို Nintendo Switch အတွက်လည်း မကြာခင် ထွက်လာတော့မှာ ဖြစ်ပါတယ်။
(၄) Path to Nowhere
Source : Path to Nowhere
ဒီဂိမ်းကတော့ အမိုက်စား Strategy RPG ဂိမ်း အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဂိမ်းရဲ့ Strategy ပိုင်းက လုံးဝ စိတ်ဝင်စားဖို့ကောင်းပြီး ဂိမ်းရဲ့ Story ၊ Graphics နဲ့ နောက်ခံ အသံတွေက တော်တော်လေး ကောင်းမွန်ပါတယ်။ ဒီဂိမ်းက Android ဂိမ်းချစ်သူတွေ ဆော့ကြည့်သင့်တဲ့ ဂိမ်းအသစ်တစ်ခု ဖြစ်ပြီး Free To Play ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။
Featured Photo : GameLoop