မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်ဟာ ဆန်စီရိုက ဥမင်လျှောက်လမ်းထဲမှာ ရော်နယ်ဒိုနဲ့ ဘေးချင်းကပ်ရပ်နေရတဲ့အချိန်မှာ အလွန်အထင်ကြီးလေးစားနေခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးနဲ့ မျက်နှာချင်းဆိုင်ရင်ဆိုင်ရတဲ့အချိန်မှာ ကြောက်သေးထွက်လုနီးနီးဖြစ်ခဲ့တယ်လို့ ဟာသဖောက်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ နယူးကာဆယ်အသင်းကနေ အန်ဒီကိုးလ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၇ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အန်ဒီကိုးလ်ဟာ နည်းပြဖာဂူဆန်လက်အောက်မှာ ၂၇၅ ပွဲပါဝင်ကစားပေးခဲ့ပြီး ၁၂၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Photo: thepledge
ယင်းအချိန်မှာ ၎င်းရဲ့ ဂုဏ်သတင်းက ကြီးမားနေခဲ့ပေမယ့်လည်း အန်ဒီကိုးလ်က အလွန်လေးစားရတဲ့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဇီဒန်းနဲ့ ရော်နယ်ဒိုတို့လို ကစားသမားတွေနဲ့ ကွင်းထဲမှာ အတူတူကစားရတဲ့အချိန်မှာ အိပ်မက်များဖြစ်နေမလားဆိုပြီး သေချာအောင် ကိုယ့်အသားကိုယ် ဆိတ်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။
အန်ဒီကိုးလ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ သမိုင်းဝင်ဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့နှစ်မှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပြီး The Beautiful Game Podcast နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုအတွင်း အင်္ဂလန်လက်ရွေးစင်ဟောင်းက ဥရောပဗိုလ်လုပွဲကို သွားရာလမ်းမှာ ရော်နယ်ဒိုနဲ့အတူ ရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံကို ပြောပြခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ အဲဒီရာသီ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့အချိန်ကို မှတ်မိပါသေးတယ်။ ကျွန်တော် ဥမင်လျှောက်လမ်းထဲမှာ တန်းစီနေခဲ့ပြီး ရော်နယ်ဒိုကို တွေ့ခဲ့ပါတယ်။ ကျွန်တော် လိမ်မှာမဟုတ်ပါဘူး။ ကျွန်တော် ကြောက်သေးပါလုနီးပါးပါပဲ”
Photo: Metro
“ကျွန်တော် နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့ရတဲ့လူက ဒီလူပဲလေ။ ကျွန်တော် ဘောလုံးသမားတစ်ယောက်အကြောင်း ပြောနေတာပါ။ ဘောလုံးသမားစစ်စစ်ပေါ့။ အဝတ်လဲခန်းထဲမှာ သူ အရာအားလုံးရှိခဲ့ပြီး ကျွန်တော်က ဆန်စီရို ဥမင်လျှောက်လမ်းထဲမှာ ရပ်နေခဲ့ပြီး ဒါက ရူးသွပ်ချင်စရာကြီးပဲလို့ ပြောခဲ့မိပါတယ်”
“ဒါပေမယ့် ခင်ဗျားက အဲဒီအဆင့်အတန်းမှာရှိနေပြီး ဟေ့ကောင်ရေ ငါက ဒီလိုလူတွေနဲ့ ဒီအဆင့်မှာ တကယ်ကို ရှိနေတာပဲ။ ငါက ဒီလိုလူတွေနဲ့ တူညီတဲ့ကွင်းထဲမှာ ရှိနေပြီး ငါကလည်း အဲဒီ အဆင့်အတန်းမှာရှိနေတာပဲလို့ ခင်ဗျား တွေးမိနေမှာပါ။ အဲဒါက ထူးဆန်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။