ယနေ့ခေတ် လူတစ်ယောက်ရဲ့ သက်တမ်းဟာ ပျှမ်းမျှ (၆၀-၇၀) ပဲရှိပါတာ့တယ်။ အသက် (၈၀) ကျော်နေထိုင်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ ဒါပေမယ့် တစ်ချို့သော တိရစ္ဆာန်လေးတွေကတော့ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်ကြတယ်။ တစ်ချို့တွေဆိုရင် မသေမျိုးတွေလို့ တင်စားခေါ်ဝေါ်နိုင်အောင်ကို အသက်ရှည်ကြတယ်။

ဒီနေ့ kwee page ကနှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိင်ကြတဲ့ သတ္တဝါတွေအကြောင်း ပြောပြပေးသွားမှာပါ။

Tardigrades (တာဒီဂရိတ်စ်)

Source: Live Science

Tardigrades (တာဒီဂရိတ်စ်) လို့အမည်ရတဲ့ ဒီသတ္တဝါလေးတွေကို အနုကြည့်မှန်ပြောင်း မိုက်ခရိုစကုတ်နဲ့ ချဲ့ကြည့်မှာသာ မြင်နိုင်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် အရှည်ကတော့ ၁ မီလီမီတာလောက်ပဲ ရှိပါတယ်။ ဒီသတ္တဝါလေးတွေဟာ အပူချိန်ပြင်းလွန်းတဲ့ မီးတောင်၊ အောက်စီဂျင်မရှိတဲ့ လေဟာနယ် တွေအပြင် ပင်လယ်သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံးနေရာဖြစ်တဲ့ ပင်လယ်ကြမ်းပြင်တွေထဲမှာလည်း အသက်ရှင်နေထိုင်နိုင်ကြပါတယ်။

လူသားမျိုးနွယ်ဝင်တွေ မျိုးတုံးပျောက်ကွယ်ပြီး ကမ္ဘာပျက်သွားချိန်မှာတောင် သူတို့ဟာ ကမ္ဘာပေါ်မှာ ရှင်သန်ကျန်ရှိနေနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

Jellyfish (ဂျယ်လီငါး)

Source: Wikipedia

ဂျယ်လီငါးတွေမှာ နှလုံးသားလည်းမရှိသလို  ဦးနှောက်လည်း တာကြောင့် သူတို့ဟာ သဘာဝအတိုင်းဆိုရင် သေနိုင်စွမ်းမရှိတဲ့ သတ္တဝါတွေပါ။ သူတို့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း အခုအချိန်အထိ ထူးဆန်းနေတဲ့အရာတစ်ခုဖြစ်နေပြီး တခြားတိရစ္ဆာန်တွေနဲ့ ကွဲပြားနေပါတယ်။

ဂျယ်လီငါးတွေအများစုဟာ အဆိပ်ရှိပြီး သွားကိုင်မိရင် လျှပ်စစ်ဓါတ်လိုက်သလိုမျိုးလည်း ခံစားရလေ့ရှိပါတယ်။ တစ်ချို့ဂျယ်လီငါးတွေရဲ့ ဇီဝသံသရာဟာ ငယ်ရာမှကြီးလာပြီး ကြီးရာမှ ပြန် ငယ်သွားတတ်တဲ့ ဖြစ်စဉ်မို့ ပုံမှန်အားဖြင့် အသက်မသေနိုင်တဲ့ သတ္တဝါတွေအဖြစ် သက်မှတ်ထားပါတယ်။

Bowhead whale (ဘိုးဟတ်ဝေလငါး)

Source: ThoughCo

Bowhead whale (ဘိုးဟတ်ဝေလငါး) တွေဟာ ပေ ၅၀ ကနေ ၆၀ အထိ ရှည်လျားနိုင်ပြီး အမြင့်ကတော့ ပေ ၇၀ နီးပါးမြင့်မားနိုင်ပါတယ်။ အလေးချိန်ပျှမ်းမျှ တန် ၁၀၀ ခန့်ရှိနိုင်ပြီး ပုံမှန်ဆိုရင် တွေ့ရခဲ့တဲ့ သတ္တဝါဖြစ်ပါတယ်။ သူတို့ရဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၂၀၀ ကျော်အထိ ရှိပါတယ်။ ဘိုးဟတ်ဝေလငါးကြီးတွေရဲ့ နှစ်ပေါင်း ၂၀၀ကျော်-အထိ နေထိုင်နိုင်ပါတယ်။

အယ်လ်ဒါဘရာလိပ်ကြီးများ

Source: Pinterest

အယ်လ်ဒါဘရာလိပ်ကြီးတွေက နှစ်ပေါင်း (၂၅၅) နှစ်အထိ အသက်ရှည်ရှည်နေနိုင်ကြပါတယ်။ လိပ်ကြီးတွေလို့ ခေါ်ထားတဲ့အတိုင်း အဆိုပါလိပ်ကြီးတွေက လိပ်မျိုးစိတ်တွေထဲမှာ အကောင်အကြီးဆုံး-အရွယ်အစားအကြီးမားဆုံးလိပ်တွေပဲ ဖြစ်ပါတယ်။ အသက် (၃၀) လောက်မှာပဲအရွယ်ရောက်ကြပြီး မျိုးပွားခြင်းအလုပ်ကိုလည်း အဲဒီ အသက် (၃၀) မှာပဲ လုပ်လေ့ရှိကြပါတယ်။

သာမန်အားဖြင့်တော့ အဆိုပါ လိပ်ကြီးတွေ က နှစ် (၈၀) ကနေ (၁၀၀) အထိသာ နေထိုင်နိုင်ကြပေမယ့် နောက်ဆုံးရရှိတဲ့ သက်သေတွေအရတော့ နှစ်ပေါင်း (၂၅၅) နှစ်အထိ ရှင်သန်နိုင်ကြတယ်လို့ သိရပါတယ်။