အက်တလတ်တီကိုမက်ဒရစ်နဲ့ ပြင်သစ်တိုက်စစ်မှုး Antoine Griezmann ကိုဘာစီလိုနာအသင်းက ခေါ်ယူလိုက်ပါပြီ။ Griezmann ဟာဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက် ကာ လရှည်ကြာ စောင့်ဆိုင်းခဲ့ရတာပါ။ဘာစီလိုနာအသင်းကတော့ အဆိုပါကစားသမားအတွက် စာချုပ်လျှော်ကြေးအပါအဝင် ယူရိုသန်း ၁၂၀ ပေးခဲ့ရပါတယ်။

Source: Evening Standard

ဘာစီလိုနာအသင်းရဲ့တရားဝင်ဝက်ဆိုက်ရဲ့ဖော်ပြချက်အရ အဆိုပါ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ကစားသမား Griezmann ဟာအသင်းနဲ့ ၅ နှစ်သတ်တမ်းရှိတဲ့စာချုပ်ချုပ်ဆိုခဲ့တယ်လိုသိရပါတယ်။ စာချုပ်လျှော်ကြေးကတော့ အံအားသင့်ဖွယ်ယူရိုသန်း ၈၀၀ လောက်ရှိနေပါတယ်။Griezmann ဟာ Atletico Madrid အသင်းအတွက် ပွဲပေါင်း ၂၅၇ ပွဲကစားပေးထားပြီး ၁၃၃ ဂိုးသွင်းယူပေးထားပါတယ်။

Source: Barca Blaugranes

အဆိုပါကစားသမားအတွက်ဘာစီလိုနာပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေးကြောင့် Griezmann  ဟာသမိုင်းတလျှောက် ဆဌမမြောက်ဈေးအကြီးဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ ရှေ့မှာတော့Ousmane Dembele, Joao Felix, Kylian Mbappe, Philippe Coutinho နဲ့ Neymar တို့ကဈေးအကြီးဆုံးအဖြစ်ရပ်တည်နေပါတယ်။

အဆိုပါပြင်သစ်တိုက်စစ်မှုးဟာ ၂၀၁၈ ဇွန်လ မှာ Atletico အသင်းနဲ့ ၅ နှစ်စာချုပ်သတ်တမ်းတိုးခဲ့တာပါ။ စာချုပ်လျှော်ကြေးကတော့ ယူရိုသန်း ၂၀၀ ရှိပြီး ၂၀၁၉ ဇွန်လ ကနေစပြီးတော့ ယူရိုသန်း ၁၂၀ အထိလျှော့ကျသွားတာပါ။

Source: Dandalin VOA

ဒီအပြောင်းအရွှေ့ကတော့ ကစားသမားက အသင်းပြောင်းချင်ကြောင့် ပြောပြီး နောက်မှာ ဖြစ်လာခဲ့တာပါ။“Atletico အသင်းမှာ ကစားခဲ့တဲ့ ၅ နှစ်ဆိုတဲ့အချိန်ဟာ ကျနော့အတွက် မယုံနိုင်အောင်ပါပဲ။ အရာရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ Atletico အသင်းဟာ ကျနော့နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ” အဆိုပါကစားသမားက သူ့ရဲ့ social media အကောင့်မှာတင်ထားပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားဆု ရှင် Antoine Griezmann ဟာလက်ရှိမှာ ထိပ်တန်းတိုက်စစ်မှုးတွေထဲကတယောက်ပါ။ ဘာစီလိုနာအသင်းမှာ မက်စီ၊ လူးဝစ်ဆွာရက် ကောတင်ညိုတို့လို ထိပ်တန်းကစားသမားတွေနဲ့ ကစားရတော့မှာပါ။ လာမဲ့ ဘောလုံးရာသီမှာတော့ ဘာစီလိုနာအသင်းဟာ တားဆီးဖို့ခတ်ခဲတဲ့အသင်းဖြစ်လာနိုင်ပါတယ်။