တော့တင်ဟမ်ဟော့စပါးနည်းပြသစ် ကွန်တနီဟာ စပါးအတွက် အီဒင် ဟာဇက်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ ဥက္ကဌ ဒန်နီရယ် လီဗိုင်းရဲ့ အဆိုပြုချက်ကို ငြင်းပယ်ခဲ့တယ်လို့ စပိန်က သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Eden Hazard

Photo: Diario AS

ကွန်တီဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်မှာ လူစာရင်းကို အင်အားဖြည့်တင်းဖို့ ဘတ်ဂျက်ရရှိမှာဖြစ်ကြောင်း ကတိပေးခြင်းခံခဲ့ရတာဖြစ်ပြီး ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ဟာ အီတလီလူမျိုးနည်းပြရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတယ်လို့ နားလည်ရပါတယ်။

အီဒင် ဟာဇက်ဟာ ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီးအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင် ၈၈.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့အချိန်ကတည်းက ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပြီး ရီးရဲလ်နည်းပြ အန်ဆယ်လော့တီကလည်း ဘယ်လ်ဂျီယမ်ကြယ်ပွင့်အနေနဲ့ ဇန်ဝါရီလမှာ အသင်းပြောင်းချင်ရင် တားမှာမဟုတ်ဘူးလို့ အရိပ်အမြွက် ပြောကြားထားပြီးဖြစ်ပါတယ်။

နယူးကာဆယ်လ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဟာဇက်ကို ခေါ်ယူဖို့အတွက် သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့် El Chiringuito က လက်ရှိမှာတော့ တော့တင်ဟမ်ဟော့စပါးကလည်း ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ ရီးရဲလ်မက်ဒရစ်က အခြေအနေကို စောင့်ကြည့်နေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Hazard and Conte during their time at Chelsea

Photo: Dhaka Tribune

လီဗိုင်းဟာ ဟာဇက်ကို တော့တင်ဟော့စပါးအသင်းအတွက် ခေါ်ယူဖို့အတွက် ဆန္ဒရှိနေခဲ့တာဖြစ်ပေမယ့်လည်း နည်းပြသစ် ကွန်တီက အသက် ၃၀ အရွယ်တောင်ပံကစားသမားရဲ့ အားထုတ်မှုနဲ့ပတ်သက်ပြီး ချဲလ်ဆီးမှာ အတူတူအလုပ်တွဲလုပ်ကတည်းက မပျော်ရွှင်ခဲ့တာကြောင့် အဲဒီအပြောင်းအရွှေ့ကို မထောက်ခံခဲ့တာဖြစ်ပါတယ်။

ကွန်တီက အီဒင် ဟာဇက်အစား ဂါရတ် ဘေးလ်ကို တော့တင်ဟမ်ဟော့စပါးအသင်းထံ ပြန်လည်ခေါ်ယူပေးဖို့ကို တွန်အားပေးနေတာဖြစ်ပါတယ်။

Gareth Bale

Photo: Football Espana

“ဒန်နီရယ် လီဗိုင်းက အမြဲတမ်း ဒဏ်ရာရနေတဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားကို ခေါ်ယူချင်ခဲ့ပါတယ်။ သူ ဟာဇက်ကို ခေါ်ယူချင်ခဲ့တာပါ။ ဒါပေမယ့် ကွန်တီက သူ့ကို မခေါ်ချင်ဘူးလို့ ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ဟာဇက်ကို ချဲလ်ဆီးအသင်းမှာ လေ့ကျင့်ပေးခဲ့တဲ့အချိန်ကတည်းက သိခဲ့ပြီး သူက ပြင်းထန်မှု အနည်းငယ်သာရှိတဲ့ အလုပ်သိပ်မကြိုးစားတဲ့သူလို့ ပြောခဲ့ပါတယ်”

“အထူးခြားဆုံးအရာကတော့ ကွန်တီက လန်ဒန်ကို ခေါ်ယူပေးဖို့ လီဗိုင်းကို တောင်းဆိုခဲ့တဲ့ ကစားသမားပါ။ အဲဒီကစားသမားက ဂါရတ် ဘေးလ်ပါ။ ဘေးလ်က ဒီရာသီကုန်မှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်မှာဖြစ်ပေမယ့် ဆောင်းရာသီမှာတော့ သူ့ကို အလွတ်နဲ့ ခေါ်ယူလို့ ရမှာမဟုတ်ပါဘူး”လို့ စပိန်ဂျာနယ်လစ် အီဒွါဒို အင်ဒါးက El Chiringuito ကို ပြောကြားခဲ့ပါတယ်။

Featured Photo: Metro