မန်ယူအသင်းခေါင်းဆောင် အန်တိုနီအို ဗလန်စီယာဟာ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ အသင်းကနေ အလွှတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာတော့မှာပါ။သူပြောင်းရွှေ့မယ်အသင်းကတော့ အီကွေဒေါ ကလပ်အသင်းခုဖြစ်တဲ့ LDU Quito အသင်းဖြစ်ပါတယ်။

အဆိုပါအသင်းဟာ မန်ယူအသင်းနဲ့ ၂၀၀၈ ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ကစားဖူးပါတယ်။ ၂၀၀၈ ဖီဖာကလပ်ကမ္ဘာ့ဖလား ကိုတော့ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး မန်ယူအသင်းက LDU Quito အသင်းကို ရိုးနီ ရဲ့တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Source: Eurosport

ဗလန်စီယာ ရဲ့စာချုပ်သက်တမ်းဟာ လာမဲ့ နွေရာသီမှာကုန်ဆုံးမှာ ဖြစ်ပြီး မန်ယူအသင်းက အဆိုပါအသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကစားသမားကို စာချုပ်သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဆိုပါကစားသမားဟာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုကိုရရှိခဲ့ပေမဲ့ မွေရပ်မြေဆီပြန်ဖို့ဆုံးဖြတ်ခဲ့တာပါ။

Source: Irish Mirror

ဗလန်စီယာဟာ မန်ယူအသင်းဆီကို ဝီဂန်အသင်းကနေ ၂၀၀၉ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၄၀၀ ကျော်ပါဝင်ကစားပေးထားပါတယ်။ မန်ယူအသင်းနဲ့အတူ ပရီးမီးယာလိဂ်ဖလား ၂ လုံး၊ အက်ဖ်အေဖလား ၁ လုံး၊ လိဂ်ဖလား ၂ လုံးနဲ့ ယူရိုပါလိဂ်ဖား ၁ လုံး ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဗလန်စီယာကိုတော့ ဖာဂူဆန်က ခေါ်ယူခဲ့တာဖြစ်ပြီး တောင်ပံကစားသမားကနေပြီးတော့ နောက်ခံကစားသမားတဦးအဖြစ် ပြောင်းလဲကစားခဲ့တာပါ။

Source: Wigan Athletic

ဗလန်စီယာဟာ သူရဲ့ကစားသမားဘဝကို El Nacional အသင်းမှာစတင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ စပိန်ကလပ် ဗီလာရီးရဲ အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဗလာရီးရဲ အသင်းမှာ နေရာမရတာကြောင့် ပရီးမီးယားလိဂ်ကလပ် ဝီဂန်အသင်းဆီ အငှားနဲ့သွားရောက်ကစားခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဝီဂန်အသင်းက ၂ နှစ်စာချုပ်နဲ့ ဝယ်ယူခဲ့ပါတယ်။ဗလန်စီယာ ပြောင်း ရွှေ့ကစားမဲ့ LDU Quito ဟာ ပြီးခဲ့တဲ့နှစ်က Ecuadorian Serie A မှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းပါ။