၂၀၂၂ ခုနှစ်အတွက် Apple ထုတ်ကုန် သစ်ကို ဒီတစ်ပတ်ထဲ မြင်ရတော့မှာပါ။ ကူပါတီနိုအခြေစိုက် ကမ္ဘာကျော် iPhone ကုမ္ပဏီဟာ ဒီနှစ်အတွက် ပထမဆုံး ထုတ်ကုန် သစ် မိတ်ဆက်ပွဲကို လာမယ့် အင်္ဂါနေ့ မတ်လ ၈ ရက် ပစိဖိတ် စံတော်ချိန် မနက် ၁၀ နာရီ ( မြန်မာနိုင်ငံမှာ ည ၁၂ နာရီခွဲခန့် ) မှာ ကျင်းပသွားမယ်လို့ တရားဝင်ကြေညာသွားပြီ ဖြစ်ပါတယ်။

နွေဦး ထုတ်ကုန် သစ် မိတ်ဆက်ပွဲလို့ ခေါ်ရမယ့် 2022 Spring Event အတွက် Apple ဟာ Peek Performance ဆိုတဲ့ Tagline သုံးထားပါတယ်။ ဘယ်လို စွမ်းဆောင်ရည်တွေကို ချောင်းကြည့်ရမလဲ ဆိုတာကိုတော့ မတ်လ ၈ ရက်နေ့မှာ Apple ဝက်ဘ်ဆိုက် နဲ့ YouTube တွေ ပေါ်ကနေ Streaming ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Virtual Event အနေနဲ့ ကျင်းပသွားမယ့် ဒီပွဲမှာ Apple ရဲ့ ဘယ်လို ထုတ်ကုန် သစ်တွေ မိတ်ဆက်သွားမလဲ ဆိုတဲ့ စိတ်ဝင်စားမှုတွေကလည်း မြင်နေကြပါတယ်။ ဒီတစ်ခေါက်မှာတော့ မတ်လ Apple Event မှာ ကြေညာသွားဖို့ ရှိတဲ့ ထုတ်ကုန်တွေ အကြောင်း ပြောပြသွားမှာ ဖြစ်ပါတယ်။

(၁) iPhone SE 5G

iPhone

Photo : 9to5 Mac

တတိယမျိုးဆက် iPhone SE သစ်ဟာ ဒီနှစ် မတ်လ Apple ထုတ်ကုန်ပြပွဲအတွက် ထိပ်တန်း ထုတ်ကုန် ဖြစ်လာမှာပါ။ 5G ကွန်ရက်ချိတ်ဆက်မှု ပါလာမယ့် တန်ဖိုးနည်း iPhone တစ်လုံး ဖြစ်ပေမယ့် ဒီဇိုင်းပိုင်းမှာ ၂၀၂၀ ထွက် iPhone SE အတိုင်းပဲ မြင်ရမယ် ဆိုတဲ့ သတင်းတွေကတော့ စိတ်ပျက်စရာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် iPhone 8 ကိုမှ Chipset ၊ ကင်မရာနဲ့ ကွန်ရက်စနစ် မြှင့်တင်ပြီး ထုတ်လိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

လောလောဆယ် ကြားနေရတဲ့ သတင်းတွေအရ iPhone SE 2022 ဟာ iPhone 8 စတိုင် အပေါ်အောက် ဘောင် Bezel အထူသားနဲ့ လာပြီး TouchID Home Button နဲ့ ၄.၇ လက်မဆိုဒ် LCD Display သုံးလာမယ်လို့ ဆိုပါတယ်။ ၂၀၂၂ မှာ မြင်ရမယ့် တစ်ခုတည်းသော LCD display သုံး iPhone လည်း ဖြစ်လာမှာပါ။

ဘက်ထရီပါဝါ အားသွင်းမှုအနေနဲ့ Wireless Charging ပါလာနိုင်ပြီး ဘက်ထရီပိုင်းမှာ သိသာတဲ့ အပြောင်းအလဲတော့ မြင်ရဖို့ မရှိပါဘူး။ iPhone SE 2022 မော်ဒယ်ဟာ iPhone 13 မှာ သုံးထားတဲ့ A15 Bionic Chip နဲ့လာပြီး RAM 64GB ကနေ 256GB အထိ ပါလာမယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းမှာလည်း iPhone 13 မှာ ပါတဲ့ 12MP Wide Camera စနစ် သုံးလာနိုင်ပါတယ်။

အရောင်ကိုတော့ အနက် ၊ အဖြူ နဲ့ အနီကာလာတွေ အပြင် အပြာ ၊ အစိမ်း နဲ့ ခရမ်းရောင်တွေနဲ့လည်း ထွက်လာနိုင်ပါတယ်။ လက်ရှိ iPhone SE 2020 မော်ဒယ်ကို ဒေါ်လာ ၄၀၀ ဈေးနဲ့ ရောင်းချနေပြီး iPhone SE 5G မော်ဒယ်မှာလည်း ဒီဈေးနဲ့ပဲ မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ လက်လှမ်းမှီတဲ့ ဈေးနဲ့ ဝယ်ယူနိုင်မယ့် တန်ဖိုးနည်း iPhone တစ်လုံး ဖြစ်ပြီး 5G ပါတာကြောင့် Mid-Range ဈေးကွက်အတွက် စိတ်လှုပ်ရှားစရာတော့ ဖြစ်လာနိုင်ပါတယ်။

(၂) iPad Air

apple-ipad-mini

Photo : goodhousekeeping

မတ်လ ၈ ရက်နေ့ ပွဲမှာ iPhone SE လိုပဲ ဒီဇိုင်း အပြောင်းအလဲ မရှိတဲ့ iPad Air ဗားရှင်းသစ် ကြေညာလာနိုင်ပါတယ်။ လက်ရှိ iPad Air ပုံစံမျိုး ဖြစ်ပြီး ကာလာသစ်တွေနဲ့ မြင်ရဖို့ မျှော်လင့်ရပါတယ်။ နောက်ဆုံး ထွက်ထားတဲ့ iPad Air ဟာ Space Gray , Silver , Rose Gold , Green နဲ့ Blue ကာလာတွေနဲ့ ထွက်ထားတာပါ။

iPad Air သစ်ဟာလည်း Update ဖြစ်တဲ့ A15 Chip နဲ့ပဲ လာဖို့ များပါတယ်။ ဆယ်လူလာ iPad Air မော်ဒယ်အတွက် Apple အနေနဲ့ 5G ချိတ်ဆက်မှု ထည့်လာနိုင်ပါတယ်။ ကင်မရာအနေနဲ့ FaceTime ဗွီဒီယိုခေါ်ဆိုမှုတွေမှာ မျက်နှာကို ဖရိမ်ကျအောင် ချနိုင်တဲ့ Center Stage လုပ်ဆောင်ချက်ပါ 12MP Ultrawide Front Camera နဲ့လာပြီး ကျောဘက် Single-Len ကင်မရာ ၊ Quad-LED True Tone flash နဲ့ USB-C port တို့ ပါလာနိုင်ပြီး 64GB မော်ဒယ်အတွက် ဒေါ်လာ ၆၀၀ ဈေးကနေ စတင် ရောင်းချသွားဖို့ ရှိပါတယ်။

(၃) MacBook

Macbook Pro

Photo : Macrumours

MacRumors ရဲ့ သတင်းအရ Apple ဟာ M2 Apple Silicon Processor သစ်သုံး ၁၃ လက်မ MacBook Pro သစ်ကိုလည်း မိတ်ဆက်မယ်လို့ ဆိုပါတယ်။ ဒီ ၁၃ လက်မ မော်ဒယ်မှာလည်း ဒီဇိုင်း အပြောင်းအလဲ သိပ်ရှိနိုင်မှာ မဟုတ်ပါဘူး။ Entry Level ဖြစ်လို့ mini LED Display ပါလာဖို့ မရှိသလို 120Hz ProMotion Refresh Rates လည်း သုံးလာဖို့ မရှိပါဘူး။

Featured Photo : PCMag