ပျော်ရွှင်စရာ အခိုက်အတန့်တွေ၊ ခမ်းနားတဲ့ အမှတ်တရတွေကို ဗီဒီယိုလေးတွေ ရိုက်ကူးထားပြီး ချစ်ခင်ရသူတွေနဲ့ ဝေမျှရတာလည်း ကြည်နူးပျော်ရွှင်ဖို့ ကောင်းပါတယ်။ အခုနောက်ပိုင်းမှာ နည်းပညာ ဖွံ့ဖြိုးလာမှုနဲ့အတူ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ပိုမို ကောင်းမွန်ပြီး ဆွဲ‌ဆောင်မှုရှိစေဖို့ တည်းဖြတ်ခြင်းကို စိတ်ကြိုက် ဖန်တီးပြုလုပ်နိုင်နေပါပြီ။ ဒါ့အပြင် ယနေ့ခေတ်မှာ Apps တွေနဲ့ ဖုန်းထဲမှာပဲ ဗီဒီယိုတွေ တည်းဖြတ်လို့ရနေပါပြီပဲ ဖြစ်ပါတယ်။ ကိုယ်တိုင် ဗီဒီယိုလေးတွေ ရိုက်ကူးပြီး တည်းဖြတ်ကာ ဆိုရှယ်မီဒီယာတွေအပေါ် တင်ချင်လို့ပဲ ဖြစ်ဖြစ်၊ အမှတ်တရ သိမ်းထားချင်လို့ပဲဖြစ်ဖြစ် ဗီဒီယိုတွေကို အရည်အသွေးမြင့်မားစွာ တည်းဖြတ် ဖန်တီးလို့ရမယ့် အခမဲ့ Apps တွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

PowerDirector

Apps တွေနဲ့ ဖုန်းထဲမှာပဲ

Photo : App Store

ကွီးတို့အတွက် ဖုန်းထဲမှာပဲ ဗီဒီယိုတွေ တည်းဖြတ်ဖန်တီးနိုင်စေဖို့ ပထမဆုံးဖော်ပြပေးချင်တဲ့ App လေးကတော့ PowerDirector ပဲ ဖြစ်ပါတယ်။ ၎င်းက အထူးပြုလုပ်ချက် အင်္ဂါရပ်များပါရှိသော အကောင်းဆုံး AI-Powered ကို အသုံးပြုထားတဲ့ ဗီဒီယို တည်းဖြတ်တဲ့ App တစ်ခုဖြစ်ပြီး အပျော်တမ်းသမားများအတွက်ဖြစ်စေ ကျွမ်းကျင်ပညာရှင်များအတွက် ဖြစ်စေ ရင်သပ်ရှုမောဖွယ် ဗီဒီယိုများ ဖန်တီးနိုင်စေပါတယ်။ မကြာသေးမီက ရေပန်စားနေတဲ့ ဓာတ်ပုံတစ်ပုံကို ကာတွန်းပုံအဖြစ် အဖြစ်သို့ ပြောင်းလဲခြင်းကိုလည်း PowerDirector ဖြင့် ဖန်တီးနိုင်ပါတယ်။ ဒီ App ကို Android ရော iOS မှာပါ အသုံးပြုနိုင်ပါတယ်။

Promeo

Apps တွေနဲ့ ဖုန်းထဲမှာပဲ

Photo : App Store

Promeo ကတော့ အသုံးပြုရလွယ်ကူပြီး စိတ်ကြိုက်ပြင်ဆင်နိုင်သော ပုံစံများကို အဆင်သင့်အသုံးပြုနိုင်ပါတယ်။ အချိန်ကုန်သက်သာတဲ့ ဗီဒီယိုတည်းဖြတ်သည့် App တစ်ခုဖြစ်ပြီး ကိုယ်ပိုင် ဗီဒီယိုများ၊ ဓာတ်ပုံများဖြင့် စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် Shutterstock ၊ iStock သို့မဟုတ် Unsplash တို့မှ ပံ့ပိုးထားသော စတော့ခ်မီဒီယာများမှ ဗီဒီယိုများ ၊ ဓာတ်ပုံများနှင့် တေးသီချင်းများကိုလည်း လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။ Promeo ကိုလည်း  Android ရော iOS မှာပါ အသုံးပြုနိုင်ပါတယ်။

iMovie

Apps တွေနဲ့ ဖုန်းထဲမှာပဲ

Photo : App Store

ဒီ ဗီဒီယို တည်းဖြတ်တဲ့ App ကတော့ Phone နှင့် iPad အသုံးပြုသူများအတွက် ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ ၎င်းက အသုံးပြုရလွယ်ကူသော အင်တာဖေ့စ်ကို မြင့်မားသော စွမ်းဆောင်ရည်ဖြင့် ပေါင်းစပ်ထားသောကြောင့် ကောင်းမွန်သော ဗီဒီယိုအရည်အသွေးကို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ၎င်းက အခုမှစပြီး ဗီဒီယိုတည်းဖြတ်မယ့် Beginners တွေ အတွက်လည်း အဆင်ပြေတဲ့ App တစ်ခုပါ။

Splice

Photo : App Store

ဒီ App ကတော့   ဗီဒီယိုတည်းဖြတ်ခြင်းရဲ့ အခြေခံ အင်္ဂါရပ်များ အားလုံးပါဝင်ပြီး  ဗီဒီယိုများကို ဆိုရှယ်မီဒီယာသို့ တိုက်ရိုက်တင်ပို့နိုင်ပါတယ်။ အခုမှစပြီး ဗီဒီယိုတည်းဖြတ်မယ့် သူများအတွက်လည်း အဆင်ပြေတဲ့ App တစ်ခုဆိုလည်း မမှားပါဘူး။ ဒီ App မှာ ကွီးတို့ရဲ့ ဗီဒီယိုများကို အပ်လုဒ်လုပ်ပြီး သင့်လျော်သော တေးသွားများဖြင့် စိတ်ကြိုက်ဖြတ်တောက်က အမိုက်စား ဗီဒီယိုများကို ဖန်တီးနိုင်ပါတယ်။ ၎င်းက 4k ဖြင့် တည်းဖြတ်၍ မရသော်လည်း နောက်ဆုံး ရလဒ်က ချောမွေ့ပြီး သပ်ရပ်ပါတယ်။ ဒီ App ကိုလည်း  Android ရော iOS မှာပါ အသုံးပြုနိုင်ပါတယ်။

Quik

Photo : App Store

ယခင်က Replay ဟုလူသိများသော Quik က Multi-clip Highlight Reels ဖန်တီးမှုအတွက် အံဝင်ခွင်ကျဖြစ်သော GoPro ရဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ GoPro သည် လျင်မြန်ပြီး ပျော်စရာကောင်းသော ဗီဒီယိုများအတွက် Quik ကို ဖန်တီးထားပါတယ်။ ၎င်းကိုလည်း  Android ရော iOS မှာပါ အသုံးပြုနိုင်ပါတယ်။ အသုံးပြုရလွယ်ကူပြီး ဗီဒီယိုများကို အမြန်ဖန်တီးချင်သူများအတွက် အသုံးတည့်တဲ့ App တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် Quik မှာ စိတ်ကြိုက် တည်းဖြတ်နိုင်အတွက် မတူညီသော တိုးမြှင့်ထားတဲ့ ဗီဒီယို Formats ၂၈ ခုကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၎င်းက 4k တည်းဖြတ်ခြင်းကိုတော့ မပံ့ပိုးပေးနိုင်ပါဘူး။

အခု ဖော်ပြပေးလိုက်တဲ့ အခမဲ့ Apps တွေနဲ့ ဖုန်းထဲမှာပဲ ဗီဒီယိုတွေကို စိတ်ကြိုက်တည်းဖြတ် ဖန်တီး နိုင်ပါတယ်။ ကွီးတို့လည်း ဗီဒီယိုကိုယ်တိုင်ရိုက်ကူးရတာ ဝါသနာပါရင် ဒီ Apps လေးတွေ အသုံးပြုပြီး စိတ်ကြိုက်ဖန်တီးကြည့်ပါ။

Source : Cyber Link

Featured Photo : Epidemic Sound