လက်ရှိစမတ်ဖုန်းတွေအတွက် အသုံးပြုတဲ့ app market မှာ ပျမ်းမျှအားဖြင့် app ပေါင်း ၂ သန်းကျော်ရှိတယ်လို့ စစ်တမ်းတွေအရ သိရပြီး နေ့စဉ်အသစ်သစ်သော app များစွာလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။ Facebook ၊ Google တို့လို app တွေကတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်အသုံးပြုနေကျ ဖြစ်တဲ့အတွက် အထူးတလည် မိတ်ဆက်ပေးစရာမလိုအောင်သိထားပြီးဖြစ်ပေမယ့် လူသိနည်းပြီးအသုံးတည့်တဲ့ App တွေလည်းအများကြီး ကျန်ရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာ နည်းပညာကိုစိတ်ဝင်စားတဲ့ ကွီးတို့အတွက် နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် app တွေအကြောင်း မျှဝေပေးချင်ပါတယ်။
(၁) SafeTrek

Photo : Lifehack
ကမ္ဘာကြီးဟာ တစ်နေ့တစ်ခြား မလုံခြုံမှုတွေတိုးလာတယ်ဆိုတာကို သင်ခံစားမိမယ် ထင်ပါတယ်။ ကိုယ့်ကိုအန္တရာယ်ပြုနိုင်တဲ့ အခြေအနေတွေ ဘယ်အချိန်မှာ ကျရောက်လာနိုင်မလဲဆိုတာ ကြိုတင်မှန်းဆလို့ မရနိုင်ပါဘူး။ ဒါကိုဖြေရှင်းဖို့အတွက် SafeTrek app က များစွာအထောက်အကူ ဖြစ်စေပါတယ်။
သင့်အနေနဲ့ အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုခုနဲ့ ရင်ဆိုင်နေရပါက app မှာပါတဲ့ “Hold until safe” ဆိုတဲ့ ခလုတ်ကို နှိပ်ထားရုံနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အလိုအလျှောက်ဖုန်းခေါ်ပေးမှာဖြစ်ပြီး သင့်ရဲ့တည်နေရာကို ပြသပေးမှာ ဖြစ်ပါတယ်။ SafeTrek app ဟာ ငရုတ်ကောင်းဖြန်းဆေးထက် ပိုကောင်းတဲ့ safety apps တွေထဲက တစ်ခုလို့ ညွှန်းဆိုထားကြပါတယ်။
(၂) RadarScope

Photo : Lifehack
ဒီနေ့မိုးရွှာမလား ၊ နေပူမလား ဆိုတာကို သတင်းဖွင့်ပြီး Tv မှာစောင့်ကြည့်နေအုန်းမယ်ဆိုရင်တော့ သင်ဟာတော်တော်လေးကို ခေတ်နောက်ကျနေပြီလို့ မှတ်ယူလို့ရပါတယ်။ သင့်ဖုန်းထဲမှာ RadarScope app ရှိနေရုံနဲ့ သင့်ပတ်ဝန်းကျင်အနီးတဝိုက်က ရာသီဥတုအခြေအနေကို သိရှိနိုင်မှာဖြစ်ပြီး မိုးလေဝသဆိုင်ရာ နောက်ဆုံးရ ရေဒါစနစ်တွေကို ကြည့်ရှု့နိုင်မှာပဲ ဖြစ်ပါတယ်။
(၃) Any.Do

Photo : Lifehack
ဒီ app က ကျွန်တော်တို့လို မေ့တက်သူတွေအတွက်တော့ အံ့ကိုက်ပါပဲ။ တစ်နေ့တာမှာ လုပ်စရာရှိတဲ့ အရာတွေကိုခဏခဏမေ့တက်လို့ စာရွက်ပေါ်မှာ ချရေးစရာမလိုတော့ပါဘူး။ Any.Do app က တစ်နေ့တာ လုပ်စရာရှိတဲ့အရာအားလုံးကို စာရင်းလုပ်ထားနိုင်မှာဖြစ်ပြီး သင့်ရဲ့အရေးကြီးတဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို မေ့လျှော့မသွားအောင် ဒီ app က သတိပေးနေမှာပဲ ဖြစ်ပါတယ်။
(၄) Nu Skin TR90

Photo : Lifehack
သင်ဟာ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားချင်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီ app ကသင့်အတွက်ပဲ ဖြစ်ပါတယ်။ Nu Skin TR90 app ဟာသင့်ရဲ့ ကိုယ်အလေးချိန်ကို track လုပ်ဖို့ ကူညီပေးနိုင်ရုံမက နေ့စဉ်စားနေတဲ့ အစားအစာ စားသုံးမှုနဲ့ လေ့ကျင့်ခန်းလုပ်ဆောင်မှုတွေကိုလည်း မှတ်တမ်းတင်ထားပေးမှာဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားပြီး သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ထိန်းချင်သူတွေအတွက် အထူးသင့်တော်တဲ့ app တစ်ခုဖြစ်ပါတယ်။
(၅) Tunein Radio

Photo : Lifehack
Tunein Radio app ကတော့ ကမ္ဘာပေါ်က အားကစားသတင်းဌာနတွေအပါအဝင် ရေဒီယိုအသံလွှင့်ဌာနပေါင်း ၁၀၀,၀၀၀ ကျော်ကို ဝင်ရောက် နားထောင်နိုင်မှာပဲ ဖြစ်ပါတယ်။ သီချင်းချစ်သူတွေနဲ့ နောက်ဆုံးရအားကစားသတင်းတွေကိုနားဆင်ချင်တဲ့ ကွီးတို့အတွက် တကယ့်ကိုအသုံးတည့်စေမယ့် Radio app တစ်ခုပဲ ဖြစ်ပါတယ်။
Featured Photo : Inventionland
