ရေရှည်အစားခံအောင် အသီးအရွက်တွေ အချဉ်တည်တဲ့ အလေ့အထဟာ နှစ်ထောင်နဲ့ချီ ရှိနေပါပြီ။ အသီးအရွက် ၊ အစေ့အဆံ နဲ့ အသားငါးတွေကို အချဉ်ဖောက်ထားတဲ့ ကင်မ်ချီ ၊ ကွန်ဘူချာလက်ဖက်ရည် ၊ ဘီယာ ၊ ဝိုင် ၊ ဗင်နီကာ စတာတွေကလည်း အခုခေတ်ရဲ့ နေ့စဉ် စားသောက်စရာတွေ ဖြစ်လာပါတယ်။ တာရှည်အထားခံနိုင်အောင် အချဉ်ဖောက်စားတဲ့ အချဉ်တည်စာတွေက ကျန်းမာရေးအတွက် ကောင်းရဲ့လား။ ဘယ်လိုမျိုး ကျန်းမာရေးအကျိုးတွေ ရနိုင်သလဲ ဆိုတာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) အစာခြေဖျက်မှု ပိုကောင်းစေတယ်

homemade kimchi

Photo: Unsplash

ကျန်းမာတဲ့ အနုဇီဝပိုးမွှားတွေက အူလမ်းကြောင်းအတွက် အထောက်အကူပြုနိုင်ပါတယ်။ ခန္ဓာကိုယ်က အာဟာရဓါတ်တွေ ပိုစုပ်ယူနိုင်အောင် ၊ အစာမကြေတာကြောင့် အူရောင်ရမ်းတဲ့ ရောဂါမျိုး ၊ အူမကြီးကင်ဆာလိုမျိုးတွေ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်လိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေ စားတာဟာ အူကျန်းမာရေးကောင်းစေတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

(၂) ကိုယ်ခံအားစနစ် မြှင့်တင်ပေးနိုင်တယ်

Fermented Foods

Photo: Unsplash

Probiotics လို့ ခေါ်တဲ့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးများတဲ့ ဘက်တီးရီးယားနဲ့တစေးတွေဟာ ကိုယ်ခံအားစနစ်ကို နှိုးဆွပေးနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို တုံ့ပြန်နိုင်ပါတယ်။ လူနဲ့ တိရစ္ဆာန်တွေကို လေ့လာခဲ့တဲ့ လေ့လာချက်အရ Probiotics ဟာ ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ကြောင်း လက်ခံထားပါတယ်။ ဒီနည်းနဲ့ အူလမ်းကြောင်း နဲ့ ကိုယ်ခံအားစနစ်ဖောက်ပြန်မှုဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

(၃) စိတ်ကျန်းမာရေး အားပေးတယ်

Kimchi

Photo: ShutterStock

အချဉ်တည်စာတွေ စားတာက သင့်ရဲ့ အူအပြင် ဦးနှောက်အတွက်ပါ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ သဘာဝအတိုင်း အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေဟာ အူ-ဦးနှောက်ဝင်ရိုး GBA လို့ သုတေသီတွေ တင်စားကြတဲ့ ဆက်စပ်မှုတစ်ခု ရှိနေပါတယ်။ အချဉ်ဖောက်ရာက ထွက်လာတဲ့ ကျန်းမာပြီး ကွဲပြားတဲ့ အနုဇီဝပိုးမွှားတွေဟာ GBA စည်းချက်ကို ဟန်ချက်မျှစေပြီး စိတ်ခံစားချက်ပါ ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

Featured Photo: ShutterStock