အသင့်စားခေါက်ဆွဲတွေကို တစ်ကမ္ဘာလုံးက လူအများစု စားသုံးနေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီခေါက်ဆွဲတွေက ဈေးအသင့်အတင့်ရှိပြီး ပြင်ဆင်ချက်ပြုတ်ချိန် အနည်းငယ်သာ ပေးရလို့ပါပဲ။ ဒီခေါက်ဆွဲတွေက အချိန်မရှိဘဲ ဘက်ဂျက်နည်းတဲ့လူတွေအတွက်တော့ အကြိုက်ပေါ့။

ဒါပေမယ့် အသင့်စား ခေါက်ဆွဲတွေကို ပုံမှန်စားနေမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနေတာကိုတော့ သတိထားဖို့လိုအပ်ပါတယ်။ အခုဒီဆောင်းပါးလေးမှာတော့ အသင့်စား ခေါက်ဆွဲတွေရဲ့ ဆိုးကျိုးတွေအကြောင်း ပြောပြပေးသွားမှာပါ။

အဟာရတွေ အလွန်နည်းပါးတယ်

Source: The State Press

အသင့်စားခေါက်ဆွဲတွေကို ဟင်းသီးဟင်ရွတ်ဆီ အမျိုးမျိုး အရသာအမျိုးမျိုး ဂျုံမှုန့်တွေ စတာတွေနဲ့ ပြုလုပ်ကြပါတယ်။ ပြီးတော့ ဒီခေါက်ဆွဲတွေက ချက်ပြီးသားတွေပါ။ စားသုံးသူတွေ အလုပ်မရှုပ်အောင်ဆိုပြီး ကြိုတင်ချက်ပြီးသားတွေပါ။

အချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အသင့်စားခေါက်ဆွဲတွေမှာ သံဓာတ်၊ ဗီတာမင် ဘီ နဲ့ မဂ္ဂနီဆီယံ ဓာတ်တွေပါဝင်ပေမယ့် အရေးကြီးတဲ့ ပရိုတင်း၊ ဗီတာမင်ဓာတ်တွေ နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုအလွန်နည်းပါတယ်။

အသည်းထိခိုက်ပျက်စီးစေနိုင်တယ်

Source: South Florida Reporter

အသင့်စားခေါက်ဆွဲမှာပါတဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်တဲ့ Propylene Glycol က အသည်းရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေသလို အသည်း ပျက်စီးစေနိုင်ပါတယ်။

အစာချေစနစ်ကို အလုပ်ရှုပ်စေတယ်

Source: FirstCry Parenting

အသင့်စားခေါက်ဆွဲတွေက အစာချေဖျက်မှု လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ အစာကြေချက်မှု လုပ်ငန်းစဉ် ဖြစ်စေဖို့ အာဟာရဓာတ် နဲ့ သတ္တုဓာတ်များစွာ လိုအပ်ပါတယ်။ အမျှင်ဓာတ် လုံးဝမပါတဲ့ အသင့်စားခေါက်ဆွဲတွေက ဝမ်းချုပ်တဲ့ပြဿနာကို ခံစားရစေနိုင်ပါတယ်။ အစာအိမ် နဲ့ အူကို ထိခိုက်စေနိုင်ပါသေးတယ်။

ခေါင်းကိုက် စေနိုင်တယ်

Source: Money Inc

အချိုမှုန့်လို့ သိကြတဲ MSG ပါဝင်တာကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။  MSG ကခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါ မကောင်းပါဘူး။

ကင်ဆာ ဖြစ်စေနိုင်တယ်

Source: Healthline

တာရှည်ခံစေဖို့ နဲ့ အရသာပြည့်ဝစေဖို့ အသင့်စားခေါက်ဆွဲမှာ ဖန်တီး ဖြည့်စွက်ထားတဲ့ ဓာတုပစ္စည်းတွေကို အချိန်ကြာမြင့်စွာ စားသုံးမယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပြီး ကင်ဆာရောဂါ ဖြစ်စေတာမျိုး အထိ ဖြစ်နိုင်ပါတယ်။

Featured Image Source: iStock