စာဖတ်သူက တက်တူးထိုးတာဝါသနာပါသူတစ်ယောက်လား။ ဒါမှမဟုတ် တက်တူးထိုးဖို့စဉ်းစားနေသူတစ်ယောက်လား။ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက စာဖတ်သူအတွက် စဉ်းစားစရာတစ်ခုခုတော့ရစေမှာပါ။ ဘာကြောင့် တချို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တက်တူးဖို့မသင့်တော်ဘူးလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

(၁) ခြေဖမိုး (ဘေးဘက်)

Source : Pinterest

ခြေဖမိုးရဲ့ ဘေးဘက်နေရာကို တက်တူးထိုး တက်တူးဆရာတော်တော်များများက ကန့်ကွက်ကြပါတယ်။ဘာကြောင့်လဲဆိုရင် ခြေဖမိုးဘေးဘက်နေရာဟာ အရေပြားအလွန်ထူလွန်းတာကြောင့် အရေပြားထဲကို ဆေးမှင်ဝင်နိုင်ဖို့ တော်တော်လေးခက်ခက်ခဲခဲနဲ့ အချိန်အကြာကြီးယူပြီးထိုးကြရတာကြောင့်ပါ။

(၂) လက်မောင်းအတွင်းဘက် (ချိုင်း)

Source : Pinterest

လက်မောင်းအတွင်းဘက်လိုနေရာက တက်တူးထိုးဖို့ မသင့်တော်တဲ့အထဲမှာပါပါတယ်။ဘာကြောင့်လဲဆိုရင် လက်မောင်အတွင်းဘက်နဲ့ ချိုင်းက အသားတွေမှာ တက်တူးထိုးရင် အလွန်အမင်းနာကျင်မှုကိုခံစားရစေနိုင်လို့ပါ။ အကယ်၍ ဒီလိုနေရာတွေမှာထိုးဖို့ရွေးချယ်ပြီးမှ ကိုယ်အနေနဲ့မခံနိုင်ဖြစ်ပြီး ပုံပြီးအောင်မထိုးလိုက် နာလည်းနာ ပုံလည်းမပြီး မိအေးနှစ်ခါနာဖြစ်သွားပါလိမ့်မယ်။

(၃) နားရွှက်ရဲ့အနောက်ဘက်

Source : Pinterest

နားရွှက်ရဲ့အနောက်ဘက်က တက်တူးထိုးရင် အနာကျင်ဆုံးခန္ဓာကိုယ်အစိုင်းအပိုင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ဒါ့အပြင်နားရွှက်အနောက်ဘက်မှာ တက်တူးထိုးမယ်ဆိုရင် ထိုးလိုက်တဲ့ပုံက အချိန်ကြာကြာမခံပဲ မှုန်ဝါးသွားတာ ဆေးအရောင်ကျသွားတာမျိုးတွေဖြစ်တက်ပါတယ်။အကယ်၍ နားရွှက်အနောက်မှာထိုးချင်တယ်ဆိုရင် မျဉ်းတစ်ကြောင်းတည်းဆွဲထားတဲ့လိုင်းပုံတွေ ခပ်သေးသေးတက်တူးပုံလေးတွေကိုပဲ ထိုးဖို့အကြံပြုချင်ပါတယ်။

(၄) တံတောင်ဆစ်

Source : Pinterest

သင့်လက်ကိုဆန့်တန်းထားပြီး တံတောင်ဆစ်နေရာကိုစမ်းကြည့်ပါ။ တံတောင်ဆစ်ရဲ့အရေပြားဟာထူပြီး တခြားသောခန္ဓာကိုယ်အစိတ်အပိုင်းတွေလို ချောမွေ့မနေဘူးဆိုတာသတိထားမိမယ်ထင်ပါတယ်။အရေပြားထူတာကြောင့် တက်တူးထိုးမယ်ဆိုရင် အချိန်အရမ်းကြာနိုင်သလို သေချာဂရုစိုက်တစိုက်ထိန်းသိမ်းတာမျိုးမရှိဘူးဆိုရင် ခဏလေးနဲ့ တက်တူးအရောင်မှိန်သွားနိုင်ပါတယ်။