မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယိုဖာဒီနန်က နယ်သာလန်တောင်ပံကြယ်ပွင့်ကစားသမားဟောင်း အာဂျန်ရော်ဘင်ဟာ ယူနိုက်တက်ရဲ့ နံစော်နေတဲ့လေ့ကျင့်ရေးကွင်းကို လာရောက်လည်ပတ်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ကို ငြင်းပယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
နယ်သာလန်လက်ရွေးစင်ဂန္တဝင် ရော်ဘင်ဟာ ယင်းအချိန်တုန်းက ပီအက်စ်ဗွီအသင်းအတွက် ကစားပေးနေသူဖြစ်ပြီး သိပ်မကြာမီ ၂၀၀၄ ခုနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမယ့် ချယ်ဆီးကို ပြောင်းရွှေ့ခဲ့ပေမယ့် ဆာအဲလက်စ်ဖာဂူဆန်ဟာ ဒတ်ချ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။
![]()
Photo: SportBible
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်က ရော်ဘင်နဲ့ ရိုင်ယန်ဂစ်တို့ ခေတ်မှာ ဘယ်သူ့ကို ရွေးချယ်မလဲလို့ အင်စတာဂရမ် အမေးအဖြေကဏ္ဍမှာ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ဂစ်ကို ရွေးရမယ်ဆိုတာ ခင်ဗျား သိပါတယ်။ ရော်ဘင်က စိတ်မချမ်းမြေ့စရာဖြစ်ခဲ့ပါတယ်။ အိုး ရော်ဘင်”
“အရမ်းကောင်းတဲ့ကစားသမားပါ။ ရော်ဘင်က အရမ်းကောင်းမွန်ပါတယ်။ ကျွန်တော်တို့ မန်ယူနိုက်တက်မှာ သူ့ကို ခေါ်ယူခဲ့သင့်ပါတယ်”

Photo: SPORTbible
“သူ လေ့ကျင့်ရေး ရောက်လာခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ လျှောက်ပတ်ကြည့်တယ်။ ရတဲ့အနံ့တွေကို မနှစ်သက်ဘဲ ပြန်သွားပြီးတော့ ချယ်ဆီးကို သွားခဲ့တယ်။ ကျွန်တော် အဲဒါကို မယုံနိုင်ဘူး ကိုယ့်လူ။ သူ ကျွန်တော်တို့အတွက် ကစားပေးရင် အရမ်းကောင်းမွန်ခဲ့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။
