အာဆင်နယ်အသင်းဟာ လိုင်လီတောင်ပံကစားသမား နီကိုလက်စ်ပီပီကို ခေါ်ယူဖို့သဘောတူညီမှုရရှိသွားခဲ့ပြီလို့သိရပါတယ်။ အသက်(၂၄)နှစ်အရွယ် အိုင်ဗရီကို့စ်လက်ရွေးစင် ကစားသမားနီကိုလက်စ်ပီပီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက လိုင်လီအသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် အဓိကစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း (၃၂) ပွဲကစားထားပြီး သွင်းဂိုးစုစုပေါင်း (၁၉) ဂိုးသွင်းယူပေးခဲ့ပါတယ်။


Source : The Standard

ပြီးခဲ့တဲ့ရာသီအတွင်း အကောင်းဆုံးခြေစွမ်းပြကစားနေခဲ့တဲ့အတွက် နီကိုလက်စ်ပီပီကို ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တွေအပြင် စီးရီးအေကလပ်များကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ နီကိုလက်စ်ပီပီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲကမှ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ် ၊ လီဗာပူး ၊ အင်တာမီလန် နဲ့ နာပိုလီအသင်းတို့က အပြိုင်အဆိုင်ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ နီကိုလက်စ်ပီပီကို ခေါ်ယူဖို့ အာဆင်နယ်က ပေါင် (၇၂) သန်းနဲ့ သဘောတူညီမှုရရှိသွားခဲ့တာဖြစ်ပါတယ်။

Source : But Football Club

အစောပိုင်းမှာတော့ နာပိုလီအသင်းက တစ်နှစ်လုပ်ခပေါင် (၃.၆) သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့အပေါ် လက်ခံဖို့အလားလားအများကြီးရှိခဲ့ပေမယ့်လည်း အာဆင်နယ်က တစ်နှစ်လုပ်ခပေါင် (၄.၅)သန်းအထိတိုးမြှင့်ကမ်းလှမ်းခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ စာချုပ်ချုပ်ဖို့သဘောတူခဲ့တာဖြစ်တယ်လို့ လိုင်လီအသင်းဥက္ကဋ္ဌဖြစ်သူကပြောပါတယ်။အာဆင်နယ်အသင်းအနေနဲ့ နီကိုလက်စ်ပီပီ ရဲ့ ပြောင်းရွှေ့ကြေးကို ကနဦးအနည်းငယ်သာပေးချေရမှာဖြစ်ပြီး ကျန်ငွေများကိုလည်းအရစ်ကျ ပေးချေသွားရမှာဖြစ်ပါတယ်။

Source : Sport.fr

လောလောဆယ်မှာတော့ သဘောတူညီမှုစာချုပ်နဲ့ ပတ်သတ်ပြီး အသေးစိတ်ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေမယ့် တစ်နှစ်လုပ်ခပေါင် (၄.၅) သန်းဖြင့် (၅) နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ အာဆင်နယ်အသင်းကတော့ ယခုနှစ်နွေရာသီမှာ ဆာလီဘာ ၊ ဆီဘယ်လော့စ် ၊ မာတင်နယ်လီ စတဲ့ကစားသမားတွေကို ခေါ်ယူခဲ့ပြီး လက်ရှိ နီကိုလက်စ်ပီပီကတော့ အသင်းအတွက်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူမယ့် (၄) ယောက်မြောက်ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။