လီဗာပူး ကစားသမားဟောင်းဟာ လာမဲ့ လောလုံးရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေသူဖြစ်ပြီး ချဲလ်ဆီး၊ မန်ယူ၊အာဆင်နယ်နဲ့ စပါးအသင်းတို့က ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ ဘရာဇီး ကွင်းလယ်ဖန်တီးရှင်ဟာ အခုရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို တရာသီ အငှားထွက်ကစားခဲ့ရပြီး ဘွန်ဒက်စ်လီဂါအသင်းအတွက် (၉) ဂိုးသွင်းကာ (၈) ဂိုး ဖန်တီးပေးနိုင်တဲ့အထိ ခြေစွမ်းပြသထားပါတယ်။

Source: Hertfordshire Mercury

အဆိုပါ အသက် (၂၇) နှစ်အရွယ် ကစားသမားဟာ သူ့အနေနဲ့လီဗာပူးအသင်းကိုစွန့်ခွာဖို့ ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့ကြောင်းကိုလည်း ဝန်ခံထားပါတယ်။

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုအတွက် ယူရို သန်း (၁၀၀) ရလိုနေပြီး ဘေယန်မြူးနစ်ကလည်း အဆိုပါကစားသမားကို အပြီးသက်ခေါ်ယူလိုနေခြင်းမရှိပါဘူး။

Source: Talk Sport

ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ ရူမင်နစ်ဂီက ကော်တင်ဟိုကို အပြီးသတ်ခေါ်ယူဖို့အတွက် အခက်အခဲတချို့ရှိနေကြောင်း ထုတ်ဖော်ပြောဆိုဖူးပါတယ်။

“ကော်တင်ဟိုကိုအပြီးသက်ခေါ်ယူဖို့ မရှိပါဘူး။ သူကတချို့ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် တခါတလေမှာ သိပ်ပြီးအသားမကျသေးတဲ့ပုံစံမျိုး ဖြစ်နေပါတယ်”လို့ ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌက ပြောပါတယ်။

Source: Sports Mole

လီဗာပူးအသင်းက သူတို့ရဲ့ကစားသမားဟောင်းကို ပြန်ခေါ်မယ်ဆိုတဲ့ သတင်းတွေထွက်ရှိခဲ့ပေမယ့်လည်း အသင်းနည်းပြ Klopp ကတော့ အသင်းမှာလက်ရှိရှိနေတဲ့ မာနေး၊ဆာလာ့ တို့ကိုသာ ထိန်းထားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။