အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ မာတင် အိုဒီဂတ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် ကြီးမားတဲ့ငွေကြေးပမာဏကို သုံးစွဲရလိမ့်မယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ နော်ဝေကွင်းလယ်တိုက်စစ်ကစားသမားအတွက် ယူရိုသန်း ၇၀ သတ်မှတ်ထားတာဖြစ်ပြီး အဲဒီပမာဏလောက်နဲ့ဆိုရင် အိုဒီဂတ်ရဲ့အပြောင်းအရွှေ့ကို ငြင်းပယ်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အငှားစာချုပ်နဲ့ လာကစားတဲ့ အိုဒီဂတ်ရဲ့ အထင်ကြီးဖွယ် ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီးနောက် ယခုနွေရာသီမှာ နော်ဝေကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပမေယ့် ရီးရဲလ်မက်ဒရစ်ကတော့ မတန်တဆဈေးနဲ့ အပြောင်းအရွှေ့မဖြစ်အောင် ငြင်းပယ်သွားမယ့်ပုံပေါ်ပါတယ်။

Martin Odegaard joined Arsenal on loan from Real Madrid in January

Photo: caughtoffside

အာဆင်နယ်ဟာ ၎င်းတို့ရဲ့အသင်းကို အင်အားဖြည့်တင်းဖို့ မျှော်မှန်းထားခဲ့တာဖြစ်ပေမယ့် ယခုနွေရာသီမှာ အိုဒီဂတ်ရဲ့ ပြောင်းရွှေ့ကြေးကို တတ်နိုင်မယ့်ပုံမပေါ်ဘဲ အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်မရတာကြောင့် ဘဏ္ဍာရေးအကြပ်အတည်းတွေရှိနေတဲ့အချိန်မှာ ပိုလို့တောင် ခက်ခဲမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အိုဒီဂတ်ကို အမြဲတမ်း မြင့်မြင့်မားမား မျှော်မှန်းထားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့လအနည်းငယ်တုန်းက နည်းပြ ဇီဒန်းက ၎င်းအနေနဲ့ နော်ဝေကွင်းလယ်ကြယ်ပွင့်ကို အငှားနဲ့တောင် ထွက်ခွာခွင့် မပြုချင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Martin Odegaard joined Arsenal on loan from Real Madrid in January

Photo: caughtoffside

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပုံမှန်ပွဲကစားချိန်မရရှိတာကြောင့် အိုဒီဂတ်ဟာ အငှားနဲ့ ထွက်ကစားချင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီမှာ အမ်းမရိတ်စ်ကို ရောက်ရှိပြီးကတည်းက အာဆင်နယ်အသင်းမှာ ကောင်းကောင်း ခြေစွမ်းပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ရာသီမှာ နည်းပြသစ် ခန့်အပ်ဖွယ်ရှိနေတယ်လို့ သိရပြီး အိုဒီဂတ်ရဲ့ အနာဂတ်ကတော့ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။