ဘန် ဝှိုက်ဟာ အာဆင်နယ်အသင်းအတွက် ကောင်းလွန်းနေပြီး ယခုနွေရာသီမှာ ဗဟိုခံစစ် ကစားသမားသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၎င်းကို မခေါ်ယူတာက လှည့်ကွက်တစ်ခုကို ပျောက်ဆုံးနေတာဖြစ်ပါတယ်။

အဲဒီလို ပြောကြားခဲ့တဲ့သူကတော့ ဒန်နီ မေးလ်ဖြစ်ပြီး ဘရိုက်တန်နောက်ခံကစားသမားဟာ ၎င်းရဲ့ အဆင့်အတန်းအရ အာဆင်နယ်အသင်းထက် မြင့်မားတဲ့အသင်းကို ပြောင်းရွှေ့သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘရိုက်တန်အသင်းအတွက် ခြေစွမ်းပြသပေးခဲ့ပြီးနောက် အာဆင်နယ်အသင်းကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ယခုနွေရာသီမှာ ပြောင်းရွှေ့တော့မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး တရားဝင်ကြေညာချက်ထုတ်ပြန်ဖို့ကလည်း အလွန်နီးကပ်နေတာဖြစ်ပါတယ်။

Arsenal To Make Third Bid For Ben White

Photo: Metro

ဒါပေမယ့်လည်း အသက် ၂၃ နှစ်အရွယ် အင်္ဂလန်နောက်ခံကစားသမားရဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းမှုဟာ မန်စီးတီးနောက်ခံကစားသမားဟောင်း ဒန်နီ မေးလ်ရဲ့ မေးခွန်းထုတ်ခြင်းကို ခံခဲ့ရပြီး ဝှိုက်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို အမှန်တကယ်စိန်ခေါ်နိုင်တဲ့အသင်းမျိုးကို သွားသင့်တယ်လို့ ၎င်းက ယုံကြည်နေတာဖြစ်ပါတယ်။ ဒန်နီ မေးလ်က မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘန် ဝှိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ယုံကြည်နေပြီး ဆိုးလ်ရှားကတော့ ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား ဗာရန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

“ကျွန်တော် အံ့အားသင့်မိတဲ့ တစ်ခုတည်းသောအရာက ဘန် ဝှိုက် အာဆင်နယ်အသင်းကို သွားခဲ့တာပဲ။ သူက အနည်းဆုံး တခြားနေရာကို မသွားခင် အာဆင်နယ်မှာ ၂ နှစ်၊ ၃ နှစ်လောက် ရှိနေမယ်ဆိုပါစို့။ သူက အဲဒီထက် ပိုပြီးတော့ ကောင်းမွန်တယ်လို့ ကျွန်တော် ထင်ပါတယ်”

“သူ အာဆင်နယ်အသင်းမှာ ဘာဆုဖလားတွေ ရမှာမို့လို့လဲ။ လိဂ်ဖလားာလး။ သူ ကံကောင်းရင်တော့ ရချင်ရမှာပါ။ အက်ဖ်အေဖလားလည်း ရကောင်း ရနိုင်ပါတယ်”

“သူက သူမတူထူးခြားတဲ့ကစားသမားလို့ ကျွန်တော် ထင်ပြီး အာဆင်နယ်အတွက် ထူးခြားတဲ့ခေါ်ယူမှုဖြစ်လာမှာပါ။ ဗဟိုခံစစ်ကစားသမားရှာနေတဲ့ မန်ချက်စတာယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ မကြိုးပမ်းခဲ့တာကို ကျွန်တော် နည်းနည်းတော့ အံ့အားသင့်မိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။