ဘောလုံးဝေဖန်သူ ပေါလ် မာဆန်က မန်ချက်စတာယူနိုက်တက်က ဆိုးလ်ရှားရဲ့ အခြေအနေဟာ လာမယ့်ပွဲစဉ်တွေမှာ ပိုဆိုးရွားလာလိမ့်မယ်လို့ ပြောကြားခဲ့ပြီး ရှေ့လာမယ့်ပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြိုင်ပွဲစုံ ပွဲကြပ်တွေ ကစားသွားရဖို့ ရှိနေတာဖြစ်ပါတယ်။

Soyuncu celebrating

Photo: TheSun

ပြီးခဲ့တဲ့အပတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းကို ၄-၂ နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ပြီး အဲဒီပွဲစဉ်က ရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ဟာ တော်တော်လေး မှေးမှန်လာခဲ့တာဖြစ်ပါတယ်။ ပေါလ် မာဆန်က နော်ဝေလူမျိုးနည်းပြဟာ လက်ရှိမှာ သေးငယ်ပြီး အရေးမကြီးတဲ့ ပြဿနာတွေကို ပိုပြီး အာရုံစိုက်နေတာကြောင့် အာဆင်နယ်က ထိပ်ဆုံးလေးနေရာပြိုင်ပွဲမှာ ယူနိုက်တက်ကို ကျော်ဖြတ်သွားလိမ့်မယ်လို့ Sky Sports နဲ့ တွေ့ဆုံပြောဆိုခဲ့ရာမှာ ပြောကြားခဲ့ပါတယ်။

“သူက ပြသဿနာမဟုတ်တဲ့ကိစ္စတွေကို အာရုံစိုက်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော် ဒီပွဲစဉ်မတိုင်မီကတည်းက ပြောခဲ့တယ်။ သူသာ နိုဝင်ဘာလကို ဖြတ်ကျော်နိုင်မယ်ဆိုရင် သူ နည်းပြအဖြစ် ဆက်ရှိနေဦးမယ်လို့။ အဲဒါက ကျွန်တော့်အတွက်တော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ အခွင့်အရေးရှိတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဘာလို့လဲဆိုတော့ နိုဝင်ဘာလထဲက ပွဲစဉ်အချို့က တုပ်လှုပ်စရာပွဲစဉ်တွေမို့လို့ပါ”

ole-gunnar-solskjaer

“လက်စတာက ၁-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲက ဘောလုံးဟိုပေးဒီပေးဖြစ်နေခဲ့တာက လက်စတာကို ကလိနေသလိုဖြစ်ခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပြီးတော့ ဆိုယန်ကူ ဂိုးသွင်းသွားတော့ ၂-၁ အထိ ဖြစ်သွားတယ်။ မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ နောက်ကလိုက်ကစားနေရတဲ့အချိန်မှာ ဆိုးလ်ရှားက မာတစ်ကို ထုတ်ပြီး မက်တော်မီနေးကို ထည့်ခဲ့တယ်။ ဂိုးသွင်းနိုင်ခဲ့ပြီး အမြဲတမ်း ခြိမ်းခြောက်နိုင်တဲ့ပုံပေါ်တဲ့ ဂရင်းဝုဒ်ကို ထုတ်ပြီး လင်ဂတ်ကို ထည့်ခဲ့တယ်”

“ပြီးတော့ သူတို့တွေ ပွဲထဲ ပြန်ဝင်ရောက်နိုင်ခဲ့တာ အဓိပ္ပာယ်ရှိပြီး တစ်ဖက် ၂ ဂိုးစီ ဖြစ်သွားတယ်။ ဒါပေမယ့် ဘောလုံးပြန်တည်ပြီး ၁၅ စက္ကန့်အကြာမှာပဲ ၃-၂ နဲ့ နောက်က ပြန်လိုက်ရပြီး အဲဒါက ပြီးတော့ ဒါကာက ဂိုးသွင်းသွားတယ်။ သူတို့တွေက ရုန်းကန်နေရတယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါကို ပွဲမတိုင်ခင်ကတည်းက လက်စတာနိုင်မယ်လို့ မြင်တယ်ဆိုတဲ့အကြောင်း ကျွန်တော် ပြောခဲ့တယ်။ ကျွန်တော့်အမြင်ကတော့ သူတို့ရုန်းကန်နေရတယ်ထင်တယ်။ အာဆင်နယ်က သူတို့ကိုကျော်ပြီး ထိပ်ဆုံးလေးရာမှာ ရာသီပြီးဆုံးနိုင်လိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportskeeda