ၿပီးခ့ဲတ့ဲ ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာ ဘာစီလိုနာအသင္းကေန အာဆင္နယ္အသင္းကို ရာသီကုန္အထိ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတ့ဲ ကြင္းလယ္ကစားသမား ဒင္းနစ္ဆြာရက္ဇ္ဟာ နယူးကာဆယ္အသင္းနဲ႔ ကစားမယ့္ပြဲအတြက္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း နည္းျပအူႏိုင္းအမ္မရီက ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။ ဒင္းနစ္ဆြာရက္ဇ္ဟာ အာဆင္နယ္အသင္းကို စတင္ေရာက္ရွိလာခ်ိန္မွစၿပီး ၿပီးခ့ဲတ့ဲ ႏိုင္ငံတကာ ရက္သတၱပတ္အတြင္း ကစားခ့ဲတ့ဲ အယ္လ္နာဆာအသင္းနဲ႔ ေျခစမ္းပြဲမွာသာ ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ခြင့္ရရွိခ့ဲၿပီး က်န္တ့ဲပြဲမ်ားတြင္မူ လက္ရွိအခ်ိန္အထိ ပြဲထြက္ခြင့္ရရွိျခင္းမရွိေသးတာလည္း ျဖစ္ပါတယ္။

Photo Credit : The Sun

အသက္ (၂၅) ႏွစ္အရြယ္ရွိၿပီျဖစ္သူ ဒင္းနစ္ဆြာရက္ဇ္ဟာ ရာသီကုန္မွာ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ (၁၈) သန္းျဖင့္ အၿပီးသတ္ ေျပာင္းေရႊ႕ခြင့္ပါ ရွိေနေပမယ့္ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာေတာ့ အာဆင္နယ္အသင္းဟာ ဒင္းနစ္ဆြာရက္ဇ္ရဲ႕ ေျခစြမ္းကုိ ေက်နပ္အားရျခင္းမရွိတာေၾကာင့္ အၿပီးသတ္ေခၚယူမွာ မဟုတ္ဘူးလို႔လည္း သတင္းမ်ား ထြက္ေပၚခ့ဲပါတယ္။ လက္ရွိအခ်ိန္တြင္မူ အာဆင္နယ္နည္းျပ အူႏုိင္းအမ္မရီက “သူ(ဒင္းနစ္ဆြာရက္ဇ္) က ပထမကစားသမားစာရင္းမွာ ပါဝင္ခြင့္ရဖိုွ႔ အဆင္ေျပေနၿပီး သူ႔အတြက္ ဒီလို အေတြ႔အႀကံဳမ်ိဳး ေပးဖုိ႔လိုအပ္ပါတယ္။”

Photo Credit : Sky Sports

“ကြ်န္ေတာ္တုိ႔ အသင္းကစားရမယ့္ ေနာက္ပဲြစဥ္ေတြအတြက္ ကစားသမားတုိင္းကို လိုအပ္ပါတယ္။ အခုခ်ိန္မွာေတာ့ ကြ်န္ေတာ္တို႔ အသင္းက ကစားသမားအမ်ားစုက စိတ္ပိုင္းဆုိင္ရာအရေရာ စြမ္းေဆာင္ရည္အရပါ အသင္းကို ကူညီေပးႏုိင္ဖုိ႔ အဆင္သင့္ျဖစ္ေနၾကပါၿပီ။” ဟုဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခဲ့ပါတယ္။ ဒဏ္ရာေၾကာင့္ အနားယူေနရတ့ဲ အျခားေသာ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္သည့္ ရမ္ေဆးမွာလည္း အသင္းနဲ႔ ျပန္လည္ပူးေပါင္းေနၿပီျဖစ္ၿပီး ခ်ာကာ မြန္ရီယဲယ္တုိ႔ကလည္း ႀကံ႕ခိုင္မႈ ျပန္လည္ ျပည့္ဝေနၿပီျဖစ္ပါတယ္။

Photo Credit : Football365

အျခားေသာ ကစားသမားမ်ားျဖစ္တ့ဲ ဒန္နီဝဲလ္ဘတ္၊ ေရာ့ဘ္ဟိုးလ္ဒ္း၊ ရိုဝီ၊ မာတီနက္ဇ္နဲ႔ ဟက္တာဘယ္လာရင္တုိ႔မွာမူ လက္ရွိအခ်ိန္အထိ အာဆင္နယ္အသင္းနဲ႔ ျပန္လည္ပူးေပါင္းၿပီး ေလ့့က်င့္ခန္းဆင္းႏုိင္ျခင္းမရွိေသးေၾကာင္း သိရွိရပါတယ္။ ၿပိဳင္ဘက္နယူးကာဆယ္အသင္းရဲ႕ ေနာက္ခံလူျဖစ္သူ ေဖဘီယန္ရွားမွာလည္း ၿပီးခ့ဲတ့ဲႏုိင္ငံတကာရက္သတၱပတ္မွာ ဆြစ္ဇာလန္အသင္းအတြက္ ပါဝင္ကစားေပးရင္း ဒဏ္ရာရရွိခ့ဲၿပီး အာဆင္နယ္နဲ႔ ကစားမယ့္ပဲြစဥ္ကို လြဲေခ်ာ္ဖြယ္ရွိေၾကာင္းသိရွိရပါတယ္။

(Unicode)

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကနေ အာဆင်နယ်အသင်းကို ရာသီကုန်အထိအငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ဟာ နယူးကာဆယ်အသင်းနဲ့ ကစားမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နည်းပြအူနိုင်းအမ်မရီက ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ ဒင်းနစ်ဆွာရက်ဇ်ဟာ အာဆင်နယ်အသင်းကို စတင်ရောက်ရှိလာချိန်မှစပြီး ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်အတွင်း ကစားခဲ့တဲ့ အယ်လ်နာဆာအသင်းနဲ့ ခြေစမ်းပွဲမှာသာ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး ကျန်တဲ့ပွဲများတွင်မူ လက်ရှိအချိန်အထိ ပွဲထွက်ခွင့်ရရှိခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။

Photo Credit : The Sun

အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်သူ ဒင်းနစ်ဆွာရက်ဇ်ဟာ ရာသီကုန်မှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၁၈) သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ခွင့်ပါ ရှိနေပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာတော့ အာဆင်နယ်အသင်းဟာ ဒင်းနစ်ဆွာရက်ဇ်ရဲ့ ခြေစွမ်းကို ကျေနပ်အားရခြင်းမရှိတာကြောင့် အပြီးသတ်ခေါ်ယူမှာ မဟုတ်ဘူးလို့လည်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိအချိန်တွင်မူ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက “သူ(ဒင်းနစ်ဆွာရက်ဇ်) က ပထမကစားသမားစာရင်းမှာ ပါဝင်ခွင့်ရဖိုှ့ အဆင်ပြေနေပြီး သူ့အတွက် ဒီလို အတွေ့အကြုံမျိုး ပေးဖို့လိုအပ်ပါတယ်။”

Photo Credit : Sky Sports

“ကျွန်တော်တို့ အသင်းကစားရမယ့် နောက်ပွဲစဉ်တွေအတွက် ကစားသမားတိုင်းကို လိုအပ်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ အသင်းက ကစားသမားအများစုက စိတ်ပိုင်းဆိုင်ရာအရရော စွမ်းဆောင်ရည်အရပါ အသင်းကို ကူညီပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။” ဟုဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အခြားသော ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် ရမ်ဆေးမှာလည်း အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီဖြစ်ပြီး ချာကာ မွန်ရီယဲယ်တို့ကလည်း ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝနေပြီဖြစ်ပါတယ်။

Photo Credit : Football365

အခြားသော ကစားသမားများဖြစ်တဲ့ ဒန်နီဝဲလ်ဘတ်၊ ရော့ဘ်ဟိုးလ်ဒ်း၊ ရိုဝီ၊ မာတီနက်ဇ်နဲ့ ဟက်တာဘယ်လာရင်တို့မှာမူ လက်ရှိအချိန်အထိ အာဆင်နယ်အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး လေ့့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။ ပြိုင်ဘက်နယူးကာဆယ်အသင်းရဲ့ နောက်ခံလူဖြစ်သူ ဖေဘီယန်ရှားမှာလည်း ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်မှာ ဆွစ်ဇာလန်အသင်းအတွက် ပါဝင်ကစားပေးရင်း ဒဏ်ရာရရှိခဲ့ပြီး အာဆင်နယ်နဲ့ ကစားမယ့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိကြောင်းသိရှိရပါတယ်။