အာဆင်နယ်ပရိသတ်တစ်ဦးဟာ ခရစ္စတီယာနို ရော်နယ်ဒို ရောက်ရှိလာပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်ရဲ့ ကြီးမားတဲ့ပြိုင်ဘက်ဖြစ်လာပြီလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ စိတ်ပျက်လက်ပျက် ဖြေလိုက်တဲ့ အဖြေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သောကြာနေ့ညနေမှာ အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို အိုးထရက်ဖို့ဒ်ကို ပြန်လည်ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်အတွက် နောက်ဆုံးကစားပေးခဲ့တဲ့အချိန်တုန်းက ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ကြီးမားတဲ့ပြိုင်ဘက်တွေထဲမှာ အာစင်ဝင်းဂါး ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းလည်း အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

Arsenal Fan's Depressing Answer To Cristiano Ronaldo Question Goes Viral

Photo: SportBible

ဒါပေမယ့်လည်း ၁၂ နှစ်တောင် ကြာမြင့်ခဲ့ပြီဆိုတော့ အရာအားလုံးက ကွဲပြားခြားနားနေပြီလို့ တွေးရမှာဖြစ်ပြီး အာဆင်နယ်ပရိသတ်တစ်ဦးဟာ ဒီအခြေအနေကို လေလှိုင်းပေါ်ကနေတဆင့် သတိပေးခြင်းခံခဲ့ရပါတယ်။ အာဆင်နယ်ပရိသတ်တစ်ဦးကို ဂျာနယ်လစ်က ချဉ်းကပ်ပြီး ‘ခင်ဗျားက ခရစ္စတီယာနို ရော်နယ်ဒို ပရိသတ်လား’လို့ မေးမြန်းခဲ့ရာမှာ အဲဒီပရိသတ်က ‘တကယ်တော့ ကျွန်တော်က အာဆင်နယ်ပရိသတ်ပါ’လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒီလောက်ဆိုရင် ဆက်မေးစရာ မရှိတော့ဘူးလို့ ယူဆနိုင်ပေမယ့်လည်း သတင်းထောက်ဟာ သတင်းသမားပီပီ အာဆင်နယ်အသင်းရဲ့ ပြိုင်ဘက်တွေထဲက တစ်သင်းအတွက် ရော်နယ်ဒို ကစားပေးတာကို မြင်ရမှာ ဘယ်လိုဖြစ်မလဲလို့ မေးမြန်းခဲ့ရာမှာတော့ အာဆင်နယ်ပရိသတ်လို့ ပြန်လည်ဖြေကြားခဲ့တဲ့သူက မျက်စိမျက်နှာပျက်စွာနဲ့ “တကယ်တော့ ပြိုင်ဘက်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့က တူညီတဲ့လိဂ်တစ်ခုတည်းမှာ ကစားနေရပေမယ့်လည်း အခု ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ဘရိုက်တန်ပါ”လို့ မချိတင်ကဲ ရင်ကွဲပက်လက်နဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ စနေနေ့ညက မန်ချက်စတာစီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ၅-၀ နဲ့ ဂိုးပြတ် ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၁-၂၀၂၂ ရာသီအဖွင့်ပွဲစဉ် ၃ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့ပြီး သွင်းဂိုး ၁ ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် သြဂုတ်လရဲ့အကောင်းဆုံးသွင်းဂိုးကိုတောင် လေ့ကျင့်ရေးက သွင်းဂိုးတွေထဲက ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

Featured Photo: Goal.com