အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင်လည်းဖြစ် တိုက်စစ်မူးတစ်ဦးလည်းဖြစ်တဲ့ အူဘာမီယန်နှင် စာချုပ်သစ်တစ်ရပ်ချိုဆိုနိူင်ခဲ့ပါက တိုက်စစ်မူး လာကာဇက်ကို အက်သလက်တီကို မက်ဒရစ်အသင်းသို့ ရောင်းချသွားဖွယ်ရှိနေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

Source: The Mirror

ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းရဲ့တာဝန်ရှိသူတွေနဲ့ အူဘာမီယန်တို့အကြား စာချုပ်အသစ်ချုပ်ဆိုရေးနဲ့ပက်သတ်ပြီး သဘောထားကွဲလွဲမူတွေ ရှိခဲ့ပေမယ့် ယခုမှာတော့ စာချုပ်အသစ်အတွက် သဘောတူညီမူရရှိရန်နီးစပ်လာပြီဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် လာကာဇက်ကိုတော့ အက်သလက်တီကို မက်ဒရစ်အသင်းထံ ပေါင်သန်း (၃၀) ဖြင့်ရောင်းချဖွယ်ရှိနေပါတယ်။

Source: talk Sport

အဆိုပါပြင်သစ်တိုက်စစ်မူး လာကာဇက်ဟာ (၂၀၁၇) ခုနှစ်တွင် အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။ အဆိုပါ လိုင်ယွန်တိုက်စစ်မူးဟောင်း အာဆင်နယ်အသင်းကို ပေါင် (၄၆.၅) သန်းဖြင့်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အမ်းမရိတ်တွင် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရသူဖြစ်ပါတယ်။ လာကာဇက်ဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၂၇) ပွဲကစားပေးထားပြီး (၄၈) ဂိုးအထိသွင်းယူပေးထားနိူင်တဲ့ ကစားသမားဖြစ်ပါတယ်။

အဆင်နယ်အသင်းဟာ အူဘာမီယန်နှင့် (၃) နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုနိူင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ အူဘာမီယန်ကို တစ်ပက်ပေါင် (၂) သိန်းခွဲခန့် ပေးချေရဖွယ်ရှိနေပါတယ်။

Source: Arsenal.News

အူဘာမီယန်ဟာ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ တိုက်စစ်မူးတစ်ဦးဖြစ်ပြီး ချဲလ်ဆီးအသင်းကို (၂-၁) ဂိုးဖြင့်အနိူင်ရရှိခဲ့သော အက်ဖ်အေဖလားဗိုလ်လုပွဲတွင် အသင်းအတွက် အနိူင်ဂိုး (၂) ဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်။ အူဘာမီယန်ဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀၉) ပွဲကစားပေးထားပြီး ဂိုးပေါင်း (၇၀) အထိ သွင်းယူပေးထားပါတယ်။