ယမန့်နေ့ညကယှဉ်ပြိုင်တဲ့ ယူရိုပါလိဂ် (၁၆) သင်းအဆင့်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန် (၈) သင်းအဆင့်ကို တက်ရောက်သွားတာပဲဖြစ်ပါတယ်။ အူဘာမီးယန်ဟာလည်း အသင်းအတွက် နှစ်ဂိုးသွင်းပြီး အချိုမြိန်ဆုံးနိုင်ပွဲဖြစ်ခဲ့ပါတယ်။

Source: Skysports

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တတ်အသင်းကို အနိုင်ရရှိထားတဲ့ ပွဲထွက်လူစာရင်းအတွင်းပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ တိုက်စစ်အတွဲကိုလည်း ချစ်ညီအစ်ကို နှစ်ဦးဖြစ်တဲ့ လာကာဇတ်၊ အော်ဘာမီးယန်းတို့အတွဲကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

Source: Skysports

အသင်းအတွက် ပထမဆုံးဂိုးကိုတော့ အော်ဘာမီးယန်းက ပွဲအစ (၅) မိနစ်မှာသွင်းယူခဲ့နိုင်လို့ ဂန်းနားတို့ အားတက်ခဲ့ရပါတယ်။ ဒုတိယဂိုးကိုတော့ ပွဲချိန် (၇၅) မိနစ်မှာ မိတ်လန်းနိုင်းစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဝေးဂိုးစည်းမျဉ်းအရ နှစ်ဂိုးသွင်းရုံနဲ့ အနိုင်သေချာနေပေမဲ့လည်း ပွဲချိန် (၇၅) မှာတော့ အူဘာမီယန်းက နောက်တစ်ဂိုးထပ်ထည့်ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ နည်းပြဖြစ်သူအူးနိုင်းရဲ့ လူထုတ်ကစားပုံ ဗျူဟာ အခင်းအကျင်းက မှန်ကန်နေခဲ့တာဖြစ်ပြီ၊ မန်ချက်စတာယူနိုက်တက်အနိုင်ကန်ခဲ့တာမလို့လည်း စိတ်ဓာတ်တတ်ကြွနေတာဖြစ်ပါတယ်။ တောင်ပံနှစ်ဖက်က အလုပ်ဖြစ်ခဲ့တာကလည်း ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။

Source: Skysports

ထိုက်တန်တဲ့နိုင်ပွဲနဲ့အတူ အာဆင်နယ်တို့ နောက်တစ်ဆင့်တတ်ရောက်ခဲ့ပြီး၊ အူဘာမီးယန်းဟာလည်း မျက်နှာဖုံးစွပ်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ကွာတားမှာအာဆင်နယ်တို့ ဘယ်အသင်းတွေနဲ့တွေ့သွားမလဲ။