အာဆင်နယ်အသင်းဟာ ဆားဘီးယားတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်ကို ယူရိုသန်း ၇၀ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီးနောက် ဖီအိုရင်တီးနားအသင်းက လက်ခံခဲ့ပြီး ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ အီတလီက သတင်းတွေအရ သိရပါတယ်။

Mikel Arteta

Photo: Football.london

အာဆင်နယ်အသင်းဟာ အူဘာမီယန်းနဲ့ လာကာဇက်တို့ မရှိတဲ့ အနာဂတ်အတွက် ကြိုတင်စီစဉ်နေတာဖြစ်ပြီး ဗလာဟိုဗစ်ချ်က ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ရဲ့ ပထမဦးစားပေး တိုက်စစ်ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ဖီအိုရင်တီးနားအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၈ လအတွင်း ဝင်ရောက်နေပြီဖြစ်ပြီး ၎င်းရဲ့ စီးရီးအေက တောက်ပတဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် ဥရောပထိပ်တန်းကလပ်တွေကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

dusan-vlahovic-viola

Photo: Marca

လက်ရှိအချိန်မတိုင်ခင်အထိတော့ ဖီအိုရင်တီးနားအသင်းဟာ ဗာလာဟိုဗစ်ချ်ဟာ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးပြီး ကောလာဟလတွေကို အဆုံးသတ်စေလိမ့်မယ်လို့ မျှော်လင့်နေခဲ့တာဖြစ်ပြီး အသင်းဥက္ကဌ ရော့ကို ကွန်မစ်ဆိုက ယခုအပတ်အစောပိုင်းမှာ ဆားဘီးယားတိုက်စစ်မှူးကို ကစားသမားတွေရဲ့ လူလည်ကျတာခံမှာမဟုတ်ဘူးလို့ သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီတလီသတင်းဌာန La Repubblica က ကွန်မစ်ဆိုဟာ လက်ရှိမှာတော့ ကစားသမားကို ထွက်ခွာခွင့်ပေးသွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တာကြောင့် ဗလာဟိုဗစ်ချ်ရဲ့အနာဂတ်ဟာ ဖီအိုရင်တီးနားနဲ့ ဝေးသည်ထက် ဝေးရာကို ရွေ့လျားနေပြီလို့ သိရပါတယ်။

Dusan Vlahovic

Photo: Eurosport

ဗလာဟိုဗစ်ချ်ရဲ့ အေးဂျင့်ဟာ ဖီအိုရင်တီးနားကို စာချုပ်သစ် လက်မှတ်ထိုးခ ယူရို ၈ သန်းနဲ့ အပြောင်းအရွှေ့ပြုလုပ်တဲ့အချိန်ကျရင် ၁၀ ရာခိုင်နှုန်း ထပ်ပေါင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ နားလည်ရပါတယ်။ အဲဗာတန်ရဲ့ ကယ်လ်ဗာ့တ်-လူဝင်နဲ့ ရီးရဲလ် ဆိုစီဒက်က အလက်ဇန်းဒါး အိုင်းဆက်တို့ဟာ ယခုဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်မှာ အာဆင်နယ်နဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ မြောက်လန်ဒန်ကလပ်အသင်းဟာ ဗလာဟိုဗစ်ချ်ကို အပြီးသတ်ခေါ်ယူနိုင်မယ့် အပြောင်းအရွှေ့ ဖြစ်နိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။

Featured Photo: Metro