အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် မိုဟာမက်အယ်နီနီဟာ ယခုနွေရာသီမှာ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး လီဂူးဝမ်းအသင်းဖြစ်တဲ့ ဘော်ဒိုးအသင်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Source: FirstPost

မိုဟာမက်အယ်နီနီဟာ ပြီးခဲ့တဲ့ရာသီက ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရပြီးနောက် လာမယ့်ရာသီမှာ ပွဲကစားချိန် ပိုမိုရရှိဖို့အတွက် အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး ဘော်ဒိုးအသင်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။နောက်ထပ်သတင်းတွေအရ အယ်နီနီဟာ ၎င်းကိုခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တဲ့ ဘော်ဒိုးအသင်းကို ပြောင်းရွှေ့နိုင်ဖို့အတွက် လစာဖြတ်တောက်ခံသွားမယ်လို့ သိရပါတယ်။

Source : Arsenal Mania

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်နီနီဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းရဲ့ကွင်းလယ်မှာ ရှာခါ၊ တော်ရဲရား၊ ဂွမ်ဒိုဇီတို့ကို ပွဲထွက်ခွင့်အတွက် မယှဉ်ပြိုင်နိုင်ခဲ့ဘဲ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲမှာ ၅ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက အယ်နီနီကို ခရစ်စတယ်ပဲလေ့စ်နဲ့ ဖူလ်ဟမ်အသင်းတို့က ကမ်းလှမ်းဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အယ်နီနီရဲ့ တစ်ပတ်လုပ်ခ ပေါင် ၅၅၀၀၀ က အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ကြီးမားတဲ့တားဆီးမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

Source : The Short Fuse

အီဂျစ်လက်ရွေးစင်ကြယ်ပွင့် မိုဟာမက်အယ်နီနီဟာ လက်ရွေးစင်အသင်းအတွက် ၆၇ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပြီး အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ဘေဆယ်အသင်းကနေ ပေါင် ၇ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။