အာဆင်နယ် လူငယ်ကြယ်ပွင့်ကစားသမား ဘူကာယိုဆာကာနဲ့ ၎င်း၏ အေးဂျင့်တွေဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

Arsenal star Bukayo Saka is 'interested' in signing for Liverpool as Jurgen Klopp's side 'shortlist' the youngster as a future transfer target

Photo : ESPN

အသက် ၂၀ သာရှိသေးတဲ့ ဆာကာဟာ ယခုနှစ်အတွင်းမှာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး လာမယ့်ဘောလုံးရာသီတွေမှာ အသင်းရဲ့အနာဂတ်အတွက် အားထားရတဲ့ တိုက်စစ်ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း ချီးကျူးခံနေရတာပဲ ဖြစ်ပါတယ်။

သို့ရာတွင် ပရီးမီးယားလိဂ်မှာ အရွယ်နဲ့မလိုက်အောင် ကောင်းမွန်နဲ့ ခြေစွမ်းတွေပြသနေတဲ့ အင်္ဂလန်သားလေး ဆာကာကို ထိပ်တန်းအဆင့် နာမည်ကြီးကလပ်အသင်း တော်တော်များများက စိတ်ဝင်စားနေခဲ့ပြီး ၎င်းတို့ထဲမှာ လီဗာပူးအသင်းနည်းပြ ယာဂန်ကလော့ပ်လည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။

The Transfer Window Podcast ရဲ့ နောက်ဆုံးရ အချက်အလက်တွေအရတော့ အာဆင်နယ် ကြယ်ပွင့်ဟာ လီဗာပူးအသင်းကို ပြောင်းရွေ့ကစားဖို့အတွက် စိတ်ဝင်စားမှုရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့တော့ ဘူကာယိုဆာကာကို လာမယ့် ၂၀၂၄ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဆာကာရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးဖြစ်တယ်လို့ ကစားသမားအပြောင်းအရွေ့ကျွမ်းကျင်သူ မက်ဂယ်ရီက ဆိုပါတယ်။

ဆက်လက်ပြီး ” လီဗာပူးအသင်းက ဆာကာအတွက် အမြင့်ဆုံးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အခွင့်အရေးကောင်းတွေ ပေးမှာသေချာပါတယ် ၊ အဲ့ဒါကို ဆာကာနဲ့ သူရဲ့ အေးဂျင့်တွေလည်း စိတ်ဝင်စားမှာ သေချာပါတယ်” လို့ မက်ဂယ်ရီ ပြောဆိုလိုက်ပါတယ်။

Arsenal star Bukayo Saka is 'interested' in signing for Liverpool as Jurgen Klopp's side 'shortlist' the youngster as a future transfer target

Photo : The Athletic

လူငယ်ကြယ်ပွင့်ကစားသမား ဆာကာဟာ နည်းပြ ယာဂန်ကလော့ပ်ကိုင်တွယ်နေတဲ့ မာဆေးဆိုက် ကလပ်အသင်းအား သဘောကျနှစ်သက်နေပြီး ၎င်းအသင်းနဲ့ အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားဖို့ စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာ ဆာဟာအနေနဲ့ ဂန်းနားတွေအတွက် ရင်သပ်ရှုမောဖွယ် ပုံစံနဲ့ အကောင်းမွန်ဆုံး ခြေစွမ်းပြကစားနေပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၅ ဂိုး ၊ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးက နော်ဝှစ်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail