အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးက ချဲလ်ဆီးနည်းပြသစ် သောမတ်စ် တူဟယ်ဟာ ၎င်းရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲမှာ ရှုံးပွဲမရှိခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ ထိပ်ဆုံးလေးနေရာအပြင်ဘက်ကို ရောက်နေပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နည်းပြ ဖရန့်လမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီး သောမတ်စ် တူဟယ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးကတည်းက ၄ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး လက်ရှိမှာတော့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စနေနေ့မှာ ဆောက်သမ်တန်နဲ့ ချဲလ်ဆီးတို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ပြီးနောက် စကားပြောဆိုရာမှာ အာစင်ဝင်းဂါးက ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ စိတ်ပူစရာကောင်းတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: Football London

“တစ်ဖက်အသင်းထက် တစ်ဖက်အသင်းက ပိုမိုပျော်ရွှင်နေတာနဲ့ပတ်သက်ပြီး မျှတတဲ့ ရလဒ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ ဆောက်သမ်တန်က သူတို့တွေရဲ့ ရှုံးပွဲတွေကို ရပ်တန့်ပြီးနောက် ပိုပျော်ရွှင်တဲ့အသင်းဖြစ်မယ်ဆိုတာ ကျိန်းသေပါတယ်”

“ချဲလ်ဆီးအသင်းအတွက် နည်းနည်းစိုးရိမ်စရာက သူတို့တွေက ဒီလိဂ်မှာ သူတို့ရဲ့အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ဘူး။ ဒါပေမယ့် ခင်ဗျား အဲဒီမှာ ကြီးမားတဲ့အလားအလာရှိတယ်လို့ မခံစားခဲ့ရဘူး။ နည်းဗျူဟာပိုင်းမှာရော ရုပ်ပိုင်းဆိုင်ရာမှာရော ထိုးဖောက်နိုင်စွမ်းမှာရော၊ စုဖွဲ့မှုပိုင်းမှာရော”

Photo: Football London

“သူတို့ရဲ့ ရမှတ်တွေကို ကျွန်တော် ကြည့်ခဲ့တယ်။ ဒီလောက်ပွဲကစားပြီးချိန်မှာ သူတို့တွေ ၆၃ မှတ် ရရှိလိမ့်မယ်။ ဒါက ထိပ်ဆုံးလေးနေရာရဲ့သေးငယ်တဲ့ပမာဏဖြစ်လိမ့်မယ်။ ကျွန်တော် တွေးခဲ့တာကတော့ သူတို့တွေ ၂၅ ပွဲမှာ ၄၃ မှတ် ရရှိအောင်လုပ်နိုင်ခဲ့ပြီး အဲဒီလောက်ပွဲနဲ့ဆို ပျမ်းမျှ ၆၃ မှတ် ရမှာဖြစ်ပြီး ၆၃ မှတ်ဆို ပုံမှန်အားဖြင့် ခင်ဗျား ထိပ်ဆုံးလေးနေရာကနေ အပြင်ရောက်သွားပါပြီ”

“သူတို့တွေ အရမ်းကောင်းမွန်တဲ့ ရလဒ်တွေဆက်တိုက်ရနိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီနေ့ သူတို့ရဲ့ပွဲစဉ်က သူတို့အတွက် နည်းနည်း စိတ်ပျက်စရာဖြစ်ခဲ့တယ်။ သူတို့တွေ ဆောက်သမ်တန်ကို ဖိအားအောက်မှာ ထည့်ထားနိုင်ဖို့အတွက် အရည်အသွေးမျိုး ရှာမတွေ့ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။