အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက မက်ဆီနှင့် စီရော်နယ်လ်ဒိုခေတ်အလွန် ကမ္ဘာ့ဘောလုံးလောကကို ဘာပေးက စိုးမိုးလိမ့်မည်ဟု သုံးသပ်ပြော ကြားခဲ့ပါတယ်။

Source: TheWorldNews.net

မက်စီနှင့်ရော်နယ်ဒိုတို့ဟာ ကမ္ဘာ့ဘောလုံးလောကကိုလွှမ်းမိုးခဲ့သည်မှ ဆယ်စုနှစ်တစ်စု ကျော်ခဲ့ပြီးဖြစ်ပြီး မက်ဆီမှာ လာမည့်ဇွန်တွင် (၃၃) နှစ်ပြည့်မည်ဖြစ်ပြီး စီရော်နယ်လ်ဒိုမှာလည်း အသက် (၃၅) နှစ်ကျော်သွားပြီ ဖြစ်သည်။

“ဒီလိုကစားသမားမျိုး တွေကရှားပါတယ်။ ဒါပေမယ့် သူတို့ခေတ်က မကြာခင် ကုန်ဆုံးတော့မှာပါ။ ဘာပေး ကလောလောဆယ် ဘောလုံးလောကကို လွှမ်းမိုးနိူင်ဖို့ တစ်ပြေးနေပါတယ်။ ဒီထဲမှာ နေမာတစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။” ဟု သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

Source: 90Min

ပြင်သစ်တိုက်စစ်မူးလေး ဘာပေးဟာ ကျွမ်းကျင်သူတွေရဲ့ ချီးကျူးမူကို ခံနေတဲ့သူဖြစ်ပါတယ်။ အသက် (၂၁) နှစ်သာရှိသေးပေမယ့်လည်း ကမ္ဘာ့ဖလား ရယူထားနိူင်သလို ရွှေဘောလုံး ဆုပေးပွဲမှာလည်း အဆင့် (၆) နေရာမှာ ရပ်တည်နိူင်ခဲ့ပါတယ်။

Source: Daily Express

ဒီဖက်နှစ်တွေမှာ ဘောလုံးစွမ်းရည်ပြည့်ဝတဲ့ သက်ငယ်ပိုင်းကစားသမားတွေ ပေါ်ထွက်လာနေပေမယ့် မက်စီနဲ့ရော်နယ်ဒိုတို့ဟာ ဘောလုံးလောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေဆဲပါ။ နောက်တတ်လာမယ့် ကစားသမားတွေအနေနဲ့ မက်စီနဲ့ရော်နယ်ဒိုတို့ရဲ့ စံချိန်တွေကို ချိုးဖြတ်နိူင်ဖို့အတွက် အချိန်တွေ အများကြီးယူရအုံးမှာဖြစ်ပါတယ်။