အရွယ်ရောက်ပြီးတဲ့ ကွီးတို့အတွက် ဖျော်ဖြေရေးလုပ်ငန်းမှာ ၁၅ နှစ်ခန့် ကျင်လည်ခဲ့တဲ့ Alix Lynx ဆိုတဲ့ အမျိုးသမီးက အိပ်ရာထဲမှာ အမျိုးသားတွေ ရှောင်ကြဉ်သင့်တဲ့ အချက် ၃ ချက်ကို မျှဝေထားပါတယ်။

အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူမဟာ OnlyFans မှာလည်း အောင်မြင်နေသူတစ်ဦး ဖြစ်ပြီး သူမရဲ့ အတွေ့အကြုံတွေအရ အမျိုးသားတွေ အများဆုံး လုပ်လေ့ရှိတဲ့ အမှားတွေကို ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး အကြီးမားဆုံး အမှားကတော့ ပဏာမ နှူးနှပ်မှု အဆင့်ကို ကျော်သွားတာပဲ ဖြစ်ပါတယ်။ အမျိုးသားတွေဟာ အချိန်မဆွဲဘဲ ချက်ချင်း တန်းပြီး စတင်ချင်ကြပေမယ့် အမျိုးသမီးတွေအတွက်ကတော့ စိတ်ပါလာဖို့ အချိန်ယူရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အချိန်ယူပြီး ဖြည်းဖြည်းချင်း သွားဖို့ လိုအပ်တယ်လို့ သူမက အကြံပြုထားပါတယ်။

ဒုတိယ အမှားကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတာပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကို သန့်ရှင်းအောင် မထားတာနဲ့ အမွေးအမျှင်တွေ မရှင်းလင်းတာဟာ ကိုယ့်ကိုယ်ကိုယ် သတိမမူရာ ရောက်တယ်လို့ သူမက ထောက်ပြပါတယ်။ အထူးသဖြင့် အားကစားရုံကနေ ပြန်လာတဲ့ အချိန်မျိုးမှာ ရေမချိုးဘဲ နေတာမျိုးတွေကို ရှောင်ကြဉ်ပြီး သန့်ရှင်းမှုကို ဂရုစိုက်သင့်တယ်လို့ ဆိုပါတယ်။

တတိယ အမှားအနေနဲ့ကတော့ အမျိုးသမီးတိုင်းက သူတို့ကြိုက်တာကို သဘောကျမယ်လို့ မှတ်ယူတတ်ကြတာ ဖြစ်ပါတယ်။ အရင်က အဆင်ပြေခဲ့တဲ့ နည်းလမ်းတိုင်း အမြဲတမ်း အဆင်ပြေနေမှာ မဟုတ်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် အလိုအလျောက် လုပ်နေတာမျိုးကို ရှောင်သင့်တယ်လို့ ဆိုပါတယ်။ အမျိုးသမီး တစ်ဦးနဲ့ တစ်ဦး မတူညီနိုင်တဲ့အတွက် အချင်းချင်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တယ်လို့ သူမက အကြံပြုထားပါတယ်။

Ref: vt