ချစ်သူစုံတွဲတွေကြားမှာ အမြဲတမ်းလုပ်နေကျ ပုံစံတွေကနေ ခွဲထွက်ပြီး အတွေ့အကြုံသစ်တစ်ခုကို ရှာဖွေနေတယ်ဆိုရင် Criss Cross ပုံစံက ကွီးတို့အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါ။
ဒီပုံစံက ခန္ဓာကိုယ်ပျော့ပျောင်းမှုတွေ အများကြီးလိုအပ်တဲ့ ခက်ခဲတဲ့ပုံစံမျိုး မဟုတ်ပေမယ့် စုံတွဲတွေကြားက ရင်းနှီးမှုကို အမြင့်ဆုံးအဆင့်အထိ ဆွဲတင်ပေးနိုင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ပိုမိုနီးကပ်ချင်ပြီး စိတ်ခံစားမှုပြင်းပြင်းထန်ထန်ကို လိုချင်နေတဲ့ စုံတွဲတွေအတွက် အထူးသင့်တော်တဲ့ ပုံစံတစ်ခုလည်း ဖြစ်ပါတယ်။
ဒါကြောင့် Men's Journal က ဖော်ပြထားတဲ့ အဲဒီ Criss Cross ပုံစံရဲ့ လုပ်ဆောင်ပုံနဲ့ စမ်းကြည့်သင့်တဲ့ အဓိကအချက်တွေကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ်။

Criss Cross ပုံစံ လုပ်ဆောင်နည်း
1. နှစ်ယောက်စလုံး မျက်နှာချင်းဆိုင် နီးနီးကပ်ကပ်ထိုင်ပြီး ခြေထောက်တွေကို ဖွင့်ကာ ဒူးကွေးပြီး ခြေဖဝါးတွေကို အိပ်ရာပေါ်မှာ ချထားရပါမယ်။
2. လက်ခံတဲ့သူရဲ့ ခြေထောက်တွေက ဦးဆောင်တဲ့သူရဲ့ ခြေထောက်တွေအပေါ်မှာ ခွတင်ထားရမှာ ဖြစ်ပါတယ်။
3. နှစ်ယောက်စလုံး ခန္ဓာကိုယ်ကို အနောက်ဘက် အနည်းငယ်လှန်ပြီး လက်တွေကို အနောက်မှာထောက်ကာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။
4. တစ်ယောက်က ငြိမ်ငြိမ်လေး ထိန်းထားပေးချိန်မှာ ကျန်တစ်ယောက်က ဦးဆောင်လှုပ်ရှားပေးရမှာ ဖြစ်ပါတယ်။
ဘာကြောင့် စမ်းကြည့်သင့်တာလဲ
1. ရင်းနှီးမှုနဲ့ မျက်လုံးချင်းဆုံတွေ့မှု - Lotus ပုံစံနဲ့ ဆင်တူပြီး တစ်ယောက်မျက်လုံးကို တစ်ယောက် သေချာကြည့်နိုင်တာကြောင့် အလွန်ရင်းနှီးနွေးထွေးတဲ့ ခံစားမှုကို ရရှိစေပါတယ်။
2. အမြင်အာရုံ စိတ်လှုပ်ရှားမှု - နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်ကို အပြည့်အဝ မြင်တွေ့နေရတာကြောင့် စိတ်လှုပ်ရှားမှုကို ပိုမိုမြင့်တက်စေပါတယ်။
3. အထောက်အကူပစ္စည်း အသုံးပြုနိုင်မှု - တစ်ယောက်က လက်တစ်ဖက်တည်းနဲ့ ဟန်ချက်ထိန်းထားနိုင်မယ်ဆိုရင် Vibrator လို အထောက်အကူပစ္စည်းတွေ ထည့်သွင်းအသုံးပြုဖို့အတွက်လည်း နေရာအလုံအလောက် ရှိပါတယ်။
Ref: Mensjournal


