သာယာပျော်ရွှင်တဲ့ ချစ်တင်းနှောမှုဆိုတာ ကွီးတို့ရဲ့ အင်္ဂါ အရွယ်အစားပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး စိတ်ချင်းဆက်နွှယ်မှု၊ ဂရုတစိုက်နားထောင်ပေးမှုနဲ့ ကိုယ့်မှာရှိတဲ့အရာကို အကောင်းဆုံးအသုံးချနိုင်မှုကသာ အဓိကကျပါတယ်။

အရွယ်အစားသေးငယ်တယ်လို့ ခံစားနေရတဲ့ အမျိုးသားတွေအနေနဲ့ စိတ်အားငယ်စရာမလိုဘဲ နည်းစနစ်မှန်ကန်ရုံနဲ့ ချစ်သူကို အမြင့်ဆုံးကျေနပ်မှု ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် ပိုမိုနက်ရှိုင်းတဲ့ ထိတွေ့မှုနဲ့ ပြည့်ဝတင်းကျပ်တဲ့ ခံစားချက်ကို ရရှိစေမယ့် ကျွမ်းကျင်သူတွေ အကြံပြုထားတဲ့ နည်းလမ်း ၅ မျိုးကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

၁။ Side Saddle (ဘေးတိုက်ထိုင်ပုံစံ)

ထိုးသွင်းမှု အရမ်းမနက်ရှိုင်းရင်တောင် တင်းကျပ်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပြီး အမျိုးသမီးအတွက် နှိုးဆွမှုကို ပိုမိုအားကောင်းစေပါတယ်။ အမျိုးသားက ပက်လက်လှဲနေပြီး အမျိုးသမီးက ခန္ဓာကိုယ်ကို ကန့်လန့်ဖြတ်အနေအထားနဲ့ ခြေထောက်နှစ်ဖက်လုံးကို တစ်ဖက်တည်းမှာထားကာ အပေါ်ကနေ စက်ဝိုင်းပုံစံ လှုပ်ရှားပေးရမှာ ဖြစ်ပါတယ်။

၂။ Eagle (လင်းယုန်ပုံစံ)

ပက်လက်လှဲနေရတာကို သဘောကျတဲ့ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပြီး အနက်ရှိုင်းဆုံး ထိုးသွင်းမှုနဲ့အတူ ပြင်ပနှိုးဆွမှုကိုပါ တစ်ပြိုင်တည်း ရရှိစေပါတယ်။ အမျိုးသမီးက ပက်လက်လှဲပြီး ခြေထောက်နှစ်ဖက်ကို လေထဲမှာ ခပ်ကားကားမြှောက်ထားရမှာဖြစ်ကာ အမျိုးသားက ရှေ့မှာဒူးထောက်ပြီး အိပ်ရာပေါ်လက်ထောက်ကာ ဆက်ဆံရမှာ ဖြစ်ပါတယ်။

၃။ The Hook (ချိတ်ဆက်ပုံစံ)

ခြေထောက်တွေကို ဘေးဖယ်ထားနိုင်တဲ့အတွက် ပိုမိုနက်ရှိုင်းတဲ့ ထိတွေ့မှုနဲ့ ခန္ဓာကိုယ်ချင်း အနီးကပ်ထိတွေ့မှုကို အပြည့်အဝ ရရှိစေပါတယ်။ အမျိုးသမီးက ပက်လက်လှဲပြီး တင်ပါးကို အနည်းငယ်မြှောက်ကာ ခြေသလုံးတွေကို အမျိုးသားရဲ့ ပခုံးပေါ်တင်ထားပေးရမှာ ဖြစ်ပါတယ်။

၄။ Ankle Grab (ခြေချင်းဝတ်ကိုင်ပုံစံ)

ယောဂကျင့်စဉ်ထဲက Happy Baby ပုံစံလိုပဲ တင်ပါးဆုံရိုးကို ကျယ်ကျယ်ဖွင့်ပေးနိုင်တာကြောင့် ပိုမိုနက်ရှိုင်းစွာ ထိုးသွင်းနိုင်ပါတယ်။ အမျိုးသမီးက ပက်လက်လှဲပြီး ခြေထောက်နှစ်ဖက်ကို လေထဲမြှောက်ကာ ကိုယ့်ခြေချင်းဝတ်ကို ကိုယ်တိုင်ပြန်ကိုင်ထားရမှာဖြစ်ပြီး အမျိုးသားက အိပ်ရာပေါ်လက်ထောက်ကာ ဆက်ဆံရမှာ ဖြစ်ပါတယ်။ (ကြာရှည်ခံတဲ့ ရေအခြေခံချောဆီ သုံးပေးရင် ပိုကောင်းပါတယ်)

၅။ Butterfly (လိပ်ပြာပုံစံ)

အမျိုးသားက အမျိုးသမီးရဲ့ တင်ပါးအောက်မှာ လက်နဲ့ထိန်းကိုင်ထားနိုင်တဲ့အတွက် အကောင်းဆုံးထောင့်အနေအထားရအောင် အမြင့်ကို စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။ အမျိုးသမီးက ကုတင်စွန်းမှာ ပက်လက်လှဲပြီး အမျိုးသားက မတ်တပ်ရပ်ကာ (ဒါမှမဟုတ် ကုတင်ပေါ်မှာ ဒူးထောက်ကာ) အမျိုးသမီးရဲ့ ခြေထောက်တွေကို ပခုံးပေါ်တင်ပြီး တင်ပါးကို ထိန်းကိုင်ဆက်ဆံရမှာ ဖြစ်ပါတယ်။

Ref: Mensjournal