လိင်မှုကိစ္စဆိုတာ ဇနီးမောင်နှံနှစ်ဦးကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ပေးတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ နေ့စဉ်ဘဝရဲ့ မအားလပ်မှုတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီလိုအရေးပါတဲ့ကိစ္စကို လျစ်လျူရှုမိတတ်ကြပါတယ်။
ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်တည်ဖို့အတွက် နှစ်ဦးစလုံး စိတ်ကျေနပ်မှုရရှိဖို့က သိပ်ကိုအရေးကြီးပါတယ်။
ဒါကြောင့် သင့်ရဲ့ လိင်မှုဘဝကို ပိုမိုကောင်းမွန်စေဖို့အတွက် လိုက်နာသင့်တဲ့ အဓိကအချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ အကြိမ်အရေအတွက်ကို အာရုံမစိုက်ပါနဲ့ - တစ်ပတ်ကို ဘယ်နှကြိမ်နေရမယ်ဆိုပြီး ဖိအားမပေးဘဲ နှစ်ဦးစလုံးရဲ့ စိတ်ကျေနပ်မှုနဲ့ နီးကပ်မှုကိုသာ အဓိကထားသင့်ပါတယ်။
၂။ ပုံစံသစ်တွေ စမ်းသပ်ကြည့်ပါ - ရိုးအီမနေအောင် ပုံစံအသစ်တွေ ပြောင်းလဲတာ ဒါမှမဟုတ် အခြားစိတ်ကူးသစ်တွေ အသုံးပြုတာက ပိုမိုကောင်းမွန်တဲ့ သာယာမှုကို ရရှိစေနိုင်ပါတယ်။

၃။ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ - ကိုယ်ဘာကြိုက်တယ်၊ ဘယ်လိုမျိုး သက်တောင့်သက်သာဖြစ်တယ် ဆိုတာကို လက်တွဲဖော်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်တာက အပြန်အလှန်နားလည်မှုကို ပိုမိုခိုင်မာစေပါတယ်။
၄။ အချိန်ဇယားဆွဲပါ - အလုပ်တွေများပြီး မအားလပ်ဘူးဆိုရင် အချိန်သတ်မှတ်ပြီး အတူနေတာက ရိုမန်းတစ်မဆန်ဘူးလို့ ထင်ရပေမယ့် တကယ်တော့ နှစ်ဦးကြား သံယောဇဉ်ကို ပိုတိုးစေပါတယ်။
ဒါ့အပြင် ကျန်းမာတဲ့ လိင်မှုဘဝရှိခြင်းက နှလုံးကျန်းမာရေးကို ကောင်းမွန်စေတာ၊ နာကျင်မှုတွေကို လျော့ကျစေတာနဲ့ မိန်းမကိုယ် ခြောက်သွေ့ခြင်းတွေကို သက်သာစေနိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။
Ref : healthyguide


