ရုပ်ရှင်တွေနဲ့ အင်တာနက်ပေါ်က စံနှုန်းတွေကြောင့် လိင်ဆက်ဆံချိန် ဘယ်လောက်ကြာသင့်လဲဆိုတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေတတ်ပါတယ်။

တကယ်တော့ လက်တွေ့ဘဝက အဲဒီလို ဖန်တီးထားတဲ့ ဇာတ်ကွက်တွေနဲ့ လုံးဝ ကွာခြားနေပါတယ်။ ဆီးလမ်းကြောင်းနဲ့ တင်ပါးဆုံတွင်း ခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ ရီနာမာလစ်က ဒီအထင်အမြင်လွဲမှားမှုတွေကို သိပ္ပံနည်းကျ အချက်အလက်တွေနဲ့ ရှင်းပြပေးထားပါတယ်။

ချစ်တင်းနှီးနှောရာမှာ အချိန်ကိုပဲ အာရုံစိုက်နေမယ့်အစား နှစ်ဦးနှစ်ဖက် သာယာကျေနပ်မှုရရှိဖို့က ပိုအရေးကြီးတယ်လို့ သူက ဆိုပါတယ်။

အဓိက ကောက်နုတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ပျမ်းမျှကြာချိန်။ လေ့လာမှုတွေအရ ထိုးသွင်းဆက်ဆံချိန်ကနေ သုတ်လွှတ်ချိန်အထိ ပျမ်းမျှကြာချိန်က ၅ ဒသမ ၄ မိနစ်သာ ရှိပါတယ်။ စုံတွဲအများစုဟာ ၃ မိနစ်ကနေ ၁၃ မိနစ်အတွင်းသာ ကြာမြင့်တတ်ကြပါတယ်။

၂။ စုစုပေါင်း အချိန်။ အစပျိုးနှိုးဆွတဲ့ အချိန်တွေပါ ထည့်တွက်မယ်ဆိုရင်တော့ ချစ်တင်းနှီးနှောတဲ့ အချိန်တစ်ခုလုံးဟာ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ ကြာမြင့်နိုင်ပါတယ်။

၃။ အမျိုးသမီးတွေရဲ့ လိုအပ်ချက်။ အမျိုးသမီးတွေ အထွတ်အထိပ်ရောက်ဖို့အတွက် ပျမ်းမျှအားဖြင့် ၁၂ မိနစ်ကနေ ၁၄ မိနစ်အထိ နှိုးဆွပေးဖို့ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်ဖို့အတွက် ၄ မိနစ်ကနေ မိနစ် ၂၀ အထိ အချိန်ယူရတတ်ပါတယ်။

၄။ အရေးကြီးတဲ့ အချက်။ နာရီကြည့်ပြီး အချိန်ကို တိုင်းတာနေတာထက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာ၊ သည်းခံတာနဲ့ အပြန်အလှန် သာယာကျေနပ်မှုရဖို့ကို ဦးစားပေးသင့်ပါတယ်။

Ref : vt